Wednesday, January 14, 2026
spot_img
spot_img

Laureus Awards ၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ဂျိုကိုဗစ် ရရှိခဲ့ပြီး အတိုးတက်ဆုံးအားကစားသမားဆုကို ဘယ်လင်ဟမ် ရရှိ

၂၀၂၄ ခုနှစ်အတွက် Laureus Awards ဆုပေးပွဲကို တနင်္လာနေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အကောင်းဆုံးအားကစားသမားဆုကို နာမည်ကျော် တင်းနစ်ကစားသမား ဂျိုကိုဗစ် ရရှိခဲ့ပြီး အတိုးတက်ဆုံးအားကစား သမားဆုကို ရီးယဲလ်မက်ဒရစ်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ရရှိခဲ့ကြောင်း သိရသည်။

Laureus Awards သည် အားကစားလောကတွင် တန်ဖိုးထားခံရသည့် ဆုတံဆိပ်တစ်ခုဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားကို နိုင်ငံများစွာ၌ ပြောင်းလဲကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ဆုပေးပွဲကို စပိန်နိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Laureus Awards ဆုပေးပွဲတွင် အဓိကအားဖြင့် ဆုအမျိုးအစား(၆) မျိုး ရွေးချယ်ချီးမြှင့်ပြီး အဆိုပါဆုများမှာ အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု၊ အကောင်းဆုံးအားကစားအသင်းဆု၊ အကောင်းဆုံးပြန်လည် စွမ်းဆောင်နိုင်သည့်ဆု၊ အတိုးတက်ဆုံးအားကစားသမားဆု၊ ထူးခြားသည့်အားကစားလှုပ်ရှားမှုဆုတို့ဖြစ်ပြီး မသန်စွမ်းအားကစားသမားများထဲမှ အထူးချွန်ဆုံးအားကစားသမားကိုလည်း ဆုချီးမြှင့်သည်။

ဆုရွေးချယ်ရာတွင် နိုင်ငံပေါင်း(၇၀)ကျော်မှ အားကစားမီဒီယာသမား (၁၀၀၀)ကျော်၏ ဆန္ဒမဲအပေါ်အခြေခံ၍ ရွေးချယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ဂျိုကိုဗစ်က ရရှိခဲ့ပြီး ၎င်းအနေဖြင့် (၅)ကြိမ်မြောက် ရရှိခြင်းဖြစ်သည့်အတွက် အကြိမ်အများဆုံးရရှိထားသည့် ရော်ဂျာဖက်ဒါရာ၏စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရသည်။

အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကို ဘာစီလိုနာအသင်းမှ စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး ၎င်းအနေဖြင့် ယခုဆုကို အမျိုးသမီးဘောလုံးသမားများထဲမှ ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အကောင်းဆုံးအားကစားအသင်းဆုကိုလည်း စပိန်အမျိုးသမီးဘောလုံးအသင်းက ရရှိခဲ့သည်။

အကောင်းဆုံး ပြန်လည်စွမ်းဆောင်နိုင်သည့်ဆုကို ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ်က ရရှိခဲ့ပြီး အတိုးတက်ဆုံးအားကစားသမားဆုကို ရီးယဲလ်ကစားသမား ဘယ်လင်ဟမ်က ရရှိခဲ့သည်။

ထူးခြားသည့် အားကစားလှုပ်ရှားမှုဆုကို ဆယ်ကျော်သက် စကိတ်အားကစားမယ် အာရီဆာထရူးက ရရှိခဲ့ပြီး မသန်စွမ်းအားကစားသမားဆုကို တင်းနစ်ကစားသမား ဒီဂရု(တ်)က ရရှိခဲ့သည်။

Good Award ဆုကို နဒါးလ်၏ တင်းနစ်အကယ်ဒမီ က ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments