Tuesday, January 20, 2026
spot_img
spot_img

FA ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

မန်စီးတီး – မန်ယူ (မြန်မာစံတော်ချိန် ဇွန်လ ၃ ရက် ည ၈:၃၀ နာရီ)

ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက Possession based football ကို အကောင်းဆုံးပုုံစံနဲ့ကစားနိုင်တဲ့အသင်း ဖြစ်တယ်။ Aggressive Pressing နဲ့ Fluid Movement တွေ ကိုသုံးပြီး ကစားတယ်။ ပုံမှန်အားဖြင့် Deploying ၄-၃-၃ ပုံစံကို သုံးတယ်။ Inverted fullbacks တွေက ကွင်းလယ်ကို တက်ထောက်ကစားပေးတဲ့ ပုံစံကိုတော့ ဂွါဒီယိုလာ နည်းနည်းလေး အသွင်ပြောင်းလာတာကို တွေ့ရတယ်။ အစကတည်းက ခံစစ်မှာ (၃) ဦး ထိုင်လိုက်ပြီး ၃-၂-၄-၁ ပုံစံကို နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်သုံးလာတယ်။ ဂျွန်စတုန်းစ်-ရိုဒရီအတွဲက ခံစစ်ကို ပိုမိုလုံခြုံစေပြီး ကွင်းလယ်ကိုလည်း ကောင်းကောင်းထိန်းချုပ်ထားနို်င်တာတွေ့ရတယ်။ ပြီးတော့ မန်ချက်စတာယူနိုက်တက်ဆီက လာနိုင်ခြေရှိတဲ့ တန်ပြန်တိုက်စစ်လမ်းကြောင်းတွေကို တားဆီးဖို့ကိုလည်း သူတို့နှစ်ဦးက အဓိက တာဝန်ယူထားလိမ့်မယ်။ မန်စီးတီးအသင်းရဲ့ကွင်းလယ်မှာ ဖန်တီးမှုစွမ်းရည်နဲ့ ပတ်သက်ပြီး Creative Hub ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရို်င်းနားက မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမား တွေရဲ့ ကြားထဲကနေ ဘောလုံးလမ်းကြောင်းတွေရအောင်ပေးဖို့ ကြိုးစားမှာဖြစ်သလို၊ သူကိုယ်တိုင်လည်း သွင်းဂိုးတွေကို သွင်းယူပေးလာတာတွေ့ရတယ်။ ပါ၀ါနဲ့ နည်းစနစ်ပိုင်း အရည်အသွေးမြင့်မားတဲ့ ဒီဘရိုင်းနားကို ထိန်းချုပ်ရတာလည်း မန်ချက်စတာယူနိုက်တက်အတွက် အခက်အခဲ ရှိနိုင်တယ်။ တိုက်စစ်ပိုင်းမှာတော့ ဂရီးလစ်ရှ်-ဟော်လန်း-ဘာနာဒိုဆေးလ်ဗားတို့ကို အဓိကထားနိုင်ပြီး ဒီကစားသမားတွေရဲ့ Movement တွေနဲ့ Speed က မန်ချက်စတာယူနိုက်တက်ခံစစ်အတွက် အဓိကပြဿနာ ဖြစ်လာနိုင်တယ်။ ဟော်လန်းရဲ့ ဂိုးသွင်းစွမ်းရည်ကိုလည်း ထည့်စဉ်းစားရမယ်။ 


မန်ချက်စတာယူနိုက်တက်က အဲရစ်တန်ဟက်ဂ်ရဲ့ လက်ထက်မှာ မြန်မြန်ဆန်ဆန် တည်ငြိမ်လာတယ်ဆိုပေမယ့် မန်ချက်စတာစီးတီးရဲ့ Play ကို မီဖို့ကတော့ လိုသေးတယ်။ ဒီပွဲမှာလည်း ကစားနေကျ ၄-၂-၃-၁ ကိုပဲ သုံးဖို့ များတယ်။ ကက်စီမီရို-အဲရစ်ဆင်အတွဲရှေ့မှာ ဘရူနိုဖာနန်ဒက်စ် ရှိနေလိမ့်မယ်။ ဘရူနိုသာ သူ့နေရာမှာ ကောင်းကောင်းမကစားနိုင်ပဲ CM နေရာ ကို ဝင်ကူနေရရင် မန်ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းကိုပါ ထိခိုက်လိ်မ့်မယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဒီပွဲမှာ သုံးမယ့် ကစားဟန်က ခံစစ်မှာထိုင်ပြီး မန်စီးတီးအသင်းရဲ့ High Line ခံစစ်ကြောင်းနားမှာ ပေါက်ကွဲအားနဲ့ ထိုးဖောက်နိုင်တယ်။ သူတို့ရဲ့ Pace နဲ့ တန်ပြန်တိုက်စစ်ကျွမ်းကျင်မှုကိုအသုံးချနိုင် တယ်။ စိတ်ဝင်စားစရာကောင်းတဲ့တိုက်ပွဲက ရပ်ရှ်ဖို့ဒ်ကို ဝေါ်လ်ကာနဲ့ ပေးတွေ့ပြီး ရအောင်ကျော်ခိုင်းမလား၊ ရှောင်ကစားခိုင်းမလားဆိုတဲ့ အပို်င်းဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ ရပ်ရှ်ဖို့ဒ်ကို သူ့ စိတ်ကြိုက်နေရာမှာ ကစားခိုင်းပြီး လမ်းကြောင်းနဲ့ အခြေအနေသာအောင် လုပ်ပေးတာက ပိုကောင်းတဲ့နည်းဗျူဟာရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ တစ်ဖက်က စဉ်းစားရင် ဂရီးလစ်ရှ်-ဝမ်ဘစ်ဆာကာ အားပြိုင်မှုကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အားပြိုင်မှု ဖြစ်လာလိမ့်မယ်။ 


Tactical Battle အနေနဲ့ဆိုရင် ယူနိုက်တက်ရဲ့ Double Pivot အတွဲက စီးတီးရဲ့ Fluid passing game ကို တားဆီး နိုင်မလားဆိုတဲ့အချက်၊ စီးတီးရဲ့ High-press နဲ့ မန်ယူနိုက်တက်ရဲ့ Counter-attack တို့ အားပြိုင်တဲ့ပွဲဖြစ်နိုင်တယ်။ မန် စီးတီးပဲနိုင်ပွဲ ယူသွားလိမ့်မယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments