Tuesday, May 19, 2026
spot_img
spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(C)နှင့် (D) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

◘ အာဂျင်တီးနား – ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက် ညနေ ၄း၃၀ နာရီ)

အာဂျင်တီးနားခံစစ်မှာ အားထားရတဲ့ နောက်ခံလူ ရိုမဲရိုး ဒဏ်ရာပြဿနာရှိနေပြီး လေ့ကျင့်ခန်းတော့ ပြန်ဆင်းနေပြီ။ အဖွင့်ပွဲကတည်းက ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။ အာဂျင်တီးနားက ဒီပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ရှုံးပွဲမရှိ ဖြတ်သန်းလာခဲ့တဲ့အသင်း ဖြစ်သလို၊ ပိုပြီးအံ့သြစရာကောင်းတာက ဒီပွဲမှာ မရှုံးရင် အီတ လီအသင်းတင်ထားတဲ့ နိုင်ငံတကာပွဲ (၃၇)ပွဲဆက် ရှုံးပွဲမရှိကို အမီလိုက်နိုင်မှာဖြစ်တယ်။ ခြေစွမ်း၊ အဆင့်အတန်း အစစအရာရာကွာခြားတယ်။ ဂိုးသွင်းဘုရင်ဆုကိုလိုချင်ရင် မက်ဆီ ဒီပွဲမှာ ဂိုးတွေအများကြီးသွင်းဖို့လိုတယ်။ အာဂျင်တီးနား ဂိုးပြတ်နိုင်မယ်။

◘ ဒိန်းမတ် – တူနီးရှား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက် ည ရး၃၀ နာရီ)

ဒိန်းမတ်က ဒဏ်ရာပြဿနာကင်းစင်ပြီး အင်ပြည့်အားပြည့် ပြိုင်ပွဲဝင်မယ့်အသင်းဖြစ်တယ်။ ခရစ္စတန်ဆင်ကတော့ ဒဏ်ရာပြဿနာကနေ ပြန်လာတာ မကြာသေးဘူး။ ဒါပေမဲ့ ရာနှုန်းပြည့် ပြန်လည်ကြံ့ခိုင်နေပါပြီ။ တူနီးရှားမှာ အားထားရတဲ့ ကွင်းလယ်လူ အီလ်ယက်ရှကီရီ မေးရိုးကျိုးဒဏ်ရာကနေ ပြန်သက်သာကာစဖြစ်ပြီး ဒီပွဲမှာ ကစားနိုင်ဖို့ မသေချာဘူး။ ဒိန်းမတ်က ဒီပြိုင်ပွဲရဲ့ စုစည်းမှု အကောင်းဆုံး၊ ဟန်ချက်အညီဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ယူရို-၂၀၂၀ မှာလည်း ဆီမီးဖိုင်နယ် တက်ထားတယ်။ ဒီပွဲမှာလည်း ဒိန်းမတ်အသင်းပဲ အနိုင်ရလိမ့်မယ်။

◘ မက္ကဆီကို – ပိုလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက် ည ၁ဝး၃၀ နာရီ)

မက္ကဆီကိုက ကွန်ကာကပ်ဖ်ဇုန်မှာ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲအောင်လာခဲ့ခြင်းဖြစ်ပြီး ဂိုးကွာခြားချက်အကွာနဲ့ ကနေဒါနောက်ကနေ ရပ်တည်ခဲ့တယ်။ မက္ကဆီကိုက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ဒီပြိုင်ပွဲကို (၁၇)ကြိမ်မြောက် ယှဉ်ပြိုင်တာဖြစ်သလို၊ နောက်ဆုံး (၈)ကြိမ်ဆက် ခြေစစ်ပွဲအောင်ခဲ့ခြင်းလည်း ဖြစ်တယ်။ ပိုလန်က အင်္ဂလန်ရဲ့နောက် ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်လာခဲ့တယ်။ ဒီနှစ်သင်းရဲ့ ခြေအဆင့်အတန်းက သိပ်မကွာဘူး။ ဒါပေမဲ့ လီဝန်ဒေါစကီး၊ ဇီလင်စကီးတို့လို ကစားသမားတွေနဲ့ ပိုလန်ကို ပိုကြိုက်တယ်။

◘ ပြင်သစ် – သြစတြေးလျ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် နံနက် ၁း၃၀ နာရီ)

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့လက်ရှိ ချန်ပီယံဖြစ်တဲ့ ပြင်သစ်အသင်းက ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ချက်နဲ့ သူတို့ရဲ့အကောင်းဆုံးလူစာရင်းကို အသုံးပြုခွင့်မရဘူး။ အခုအချိန်အထိတော့ ထိပ်တန်းစုဖွဲ့မှုကို ပိုင်ဆိုင်ထားဆဲလို့ ပြောလို့ရသလို၊ အားကောင်းတဲ့ပုံစံကို မြင်နေရဆဲပါ။ သြစတြေးလျအသင်းထက်လည်း အစစအရာရာ အားသာပါတယ်။ ဒီပွဲမှာ သြစတြေး လျပြင်ဆင်လာမယ့် ကျစ်လျစ်မှု၊ စုစည်းမှုကို မြင်ရမယ်။ ပြင်သစ်က ဒါကို ဘယ်လို ဖြိုခွဲမလဲဆိုတာ ကြည့်ရမယ်။ ပြင်သစ်ပဲ နိုင်မှာပါ။ ဘာပေ၊ ဂျရူးတို့ရဲ့ တိုက်စစ်ပိုင်းက ဂိုးတွေ ရလိမ့်မယ်။ ပြင်သစ် ဂိုးပြတ်နိုင်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments