နော်ဝေတိုက်စစ်မှူးဟာလန်းသည် ၎င်း၏ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံးရာသီမှာပင် ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆုကို ရရှိသွားပြီဖြစ်သည်။ ဟာလန်းသည် လိဂ်သွင်းဂိုး ၃၆ ဂိုးသွင်းပြီး ယခုနှစ်ဘောလုံးရာသီအတွက် ဂိုးအများဆုံးသွင်းသူ ဆုကို ရရှိသွားခြင်းဖြစ်သည်။
ဟာလန်း၏အသင်းဖော် ဒီဘရန်းနားကလည်း အသင်းအတွက် ပရီးမီးယားလိဂ်တွင် ၁၆ ဂိုးဖန်တီးပြီး တစ်နှစ်တာအကောင်းဆုံးကစားကွက်ဖန်တီးရှင်ဆုကို ရရှိခဲ့သည်။

ဟယ်ရီကိန်းသည် လိဂ်သွင်းဂိုး ၃၀ သွင်းပြီး ပရီးမီးယားလိဂ်ဂိုးသွင်းသူ တန်းစီဇယားတွင် ဒုတိယရရှိခဲ့သည်။
ဟာလန်းသည် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုအပြင် အင်္ဂလန်အားကစားကလောင်ရှင်များက ချီးမြှင့်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို မန်စီးတီးနှင့်အတူ ပရီးမိးယားလိဂ် ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။







