Wednesday, February 11, 2026
spot_img
spot_img

၂ နှစ်အတွက် လုပ်ခယူရိုသန်း ၁၂၀ ဖြင့်ဇီဒန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ရန် ကြိုးစားနေသော အယ်လ်နက်ဆာ

ရော်နယ်ဒိုကစားနေသော ဆော်ဒီပရိုလိဂ်ကလပ်အသင်းဖြစ်သော အယ်လ်နက်ဆာအသင်းသည် အသင်း၏နည်းပြချုပ် ဂါစီယာနှင့် ပြီးခဲ့သည့်ရက်ပိုင်းကလမ်းခွဲထားသည်။ အယ်လ်နက်ဆာကို ယာယီနည်းပြချုပ်အဖြစ် ယူ ၁၉ အသင်းနည်းပြချုပ်က ကိုင်တွယ်နေသည်။

အယ်လ်နက်ဆာအသင်းသည် နည်းပြချုပ်ရာထူးအတွက် ပြင်သစ်ဘောလုံးသူရဲကောင်း ဇီဒန်းကို ခန့်အပ်ရန် ကြိုးစားနေကြောင်း သတင်းထွက်လာသည်။ အယ်လ်နက်ဆာအသင်းသည်တစ်နှစ်လျှင် လုပ်ခယူရိုသန်း ၆၀ ဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုရန် ဇီဒန်းကို ချဉ်းကပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ၂ နှစ်အတွက် ယူရိုသန်း ၁၂၀ ဖြင့်ဇီဒန်းကို ဆော်ဒီပရိုလိဂ်သို့ အရခေါ်ပြီး ရော်နယ်ဒိုအပါအဝင် ကစားသမားများကို ကိုင်တွယ်ပေးရန် စည်းရုံးနေခြင်းဖြစ်သည်။

မက်ဒရစ်တွင် အခြေချနေထိုင်သော ဇီဒန်းသည် ဥရောပဘောလုံးလောကတွင် ဆက်နေရန်သာ စိတ်အားထက်သန်ပြီး ဥရောပအသင်းကြီးများက ကမ်းလှမ်းသည်ကိုပင် ငြင်းပယ်နေခြင်းဖြစ်ရာ ဆော်ဒီပရိုလိဂ်မှ ကမ်းလှမ်းမှုကို လက်ခံမည်လားဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

အယ်လ်နက်ဆာသည် လက်ရှိဘောလုံးရာသီတွင်ကစားရမည့်လိဂ်ပွဲ ၃၀ အနက် ၂၃ ပွဲကစားအပြီးတွင် ဇယား၌ဦးဆောင်နေသော အယ်လ်အီတီဟက်ထက် ၃ မှတ်လျော့နည်းပြီး ဒုတိယနေရာတွင် ရပ်တည်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments