Thursday, January 15, 2026
spot_img
spot_img

၂၀၂၄-၂၅ ရာသီတွင် အသုံးစရိတ်ကန့်သတ်မှုပုံစံနှစ်မျိုး စမ်းသပ်အသုံးပြုရန် ပရီးမီးယားလိဂ်ကလပ်အသင်းများ သဘောတူညီမှုရရှိ

လာမည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်တွင် အသုံးစရိတ်ကန့်သတ်မှုပုံစံနှစ်မျိုး စမ်းသပ်အသုံးပြုရန် အသင်းများအကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၌ လက်ရှိအသုံးပြုနေသည့် အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR) မှာ ကလပ်အသင်းများအား အခက်တွေ့စေပြီး ၂၀၂၃-၂၀၂၄ ရာသီတွင် အဲဗာတန်နှင့် နော်တင်ဟမ်အသင်းတို့ ရမှတ်လျှော့ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ PSR စည်းမျဉ်းအရ ကလပ်အသင်းများအား သုံးရာသီကာလအတွင်း ပေါင် ၁၀၅ သန်းထက် ပို၍ အရှုံးမပေါ်စေရန် ကန့်သတ်ထားသည်။ 

ဇွန် ၆ ရက်ကပြုလုပ်သည့် အစည်းအဝေး၌ အသုံးစရိတ်ကန့်သတ်မှုစနစ်အတွက် ကစားသမားကုန်ကျစရိတ်စည်းမျဉ်း (SCR) နှင့် ထိပ်ဆုံးမှ အောက်ခြေအထိ ချိတ်ဆက်ခြင်း စည်းမျဉ်း (TBA) တို့ကို ၂၀၂၄-၂၀၁၅ ရာသီတွင် စမ်းသပ်အသုံးပြုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

SCR စည်းမျဉ်းအရ ကလပ်အသင်းများ အနေဖြင့် ဝင်ငွေစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်း ကိုသာ အသုံးပြုခွင့်ရမည်ဖြစ်ပြီး ကစားသမား ရောင်းချရာတွင် အသားတင်အမြတ်အရှုံးကို အချိုးအဖြစ် ထိန်းညှိပေးမည်ဖြစ်သည်။ TBA စည်းမျဉ်းအရ အသင်းတစ်သင်းအနေဖြင့် တစ်ရာသီအတွက် အနိမ့်ဆုံးရရှိမည့် ဆုကြေးနှင့် ရုပ်သံမူပိုင်ခွင့်အတွက်ရရှိမည့် ငွေကြေးကိုပေါင်းစပ်၍ အသုံးပြုခွင့်ရမည် ဖြစ်သည်။ 

ယင်းစနစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ယှဉ်ပြိုင်မှုချိန်ခွင်လျှာကို ကာကွယ်ရန်အတွက် ကြိုတင်စီမံမှုအဖြစ် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ လာမည့်ရာသီတွင် PSR စည်းမျဉ်းကို ဆက်လက်အသုံးပြုမည်ဖြစ်သလို SCR နှင့် TBA စည်းမျဉ်းကိုလည်း စမ်းသပ်အသုံးပြုမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၄-၂၀၂၅ ရာသီတွင် VAR စနစ်ပယ်ဖျက်ရေး အဆိုပြုမှုအတွက် မဲခွဲဆုံးဖြတ်ရာ ၁၉-၁ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ VAR စနစ်ပယ်ဖျက်ရေး အဆိုပြုခဲ့သည့် ဝုလ်ဗ်တစ်သင်းတည်းကသာ ထောက်ခံမဲပေးပြီး ကျန် ၁၉ သင်းက ကန့်ကွက်မဲပေးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR စနစ် ဆက်လက်အသုံးပြုမည်ဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စည်းမျဉ်းအရ တစ်စုံတစ်ခုအပြောင်းအလဲပြုလုပ်လိုပါက အသင်း ၂၀ အနက် သုံးပုံနှစ်ပုံ ဖြစ်သည့် ၁၄ သင်း၏ ထောက်ခံမဲရရှိရန် လိုအပ်ကြောင်းသိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments