Monday, February 9, 2026
spot_img
spot_img

ဥရောပထိပ်တန်းအသင်းကြီး၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် လီယာအိုအား အေစီမီလန်အသင်းတွင် ဆက်နေရန် ဖိလစ်ပိုအင်ဇာဂီ တိုက်တွန်း

အေစီမီလန်ဂန္ထဝင်တိုက်စစ်မှူး ဖိလစ်ပိုအင်ဇာဂီက ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် ပေါ်တူဂီတိုက်စစ်မှူး လီယာအိုအား အသင်းတွင်ဆက်နေရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး လီယာအိုသည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၈)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ထားသည်။

၎င်းသည် အေစီမီလန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ယင်းအခြေအနေတွင် ၎င်းကို ခေါ်ယူရန် ချယ်လ်ဆီး၊ မန်စီးတီးနှင့် ရီးယဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

သို့သော် ဖိလစ်ပိုအင်ဇာဂီက လီယာအိုအတွက် အေစီမီလန်အသင်းမှာ အသင့်တော်ဆုံးဖြစ်ပြီး မန်စီးတီး သို့မဟုတ် ရီးယဲလ်သို့ ပြောင်းရွှေ့ မည်ဆိုပါက သာမန်ကစားသမားတစ်ဦးသာ ဖြစ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်သာ လီယာအိုဆိုရင် အေစီမီလန်မှာပဲ ဆက်နေမှာပါ။ မီလန်က သူ့အတွက် အကောင်းဆုံးပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး အေစီမီလန်ဟာ ဘောလုံးကမ္ဘာမှာ ပြန်လည်ဦးမော့လာတာပါ။ အခုဆိုရင် အေစီမီလန်အသင်းဟာ စီးရီးအေ လက်ရှိချန်ပီယံဖြစ်သလို၊ ချန်ပီယံလိဂ်မှာလည်း ပုံမှန်ကစားခွင့်ရနေတယ်။ လီယာအိုက တကယ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး ဒီထက်လည်း ပိုကောင်းလာမှာပါ။ ဒါပေမဲ့ မန်စီးတီး (သို့) ရီးယဲလ်ကို သူ သွားမယ်ဆိုရင် သာမန်ပဲ ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments