Thursday, January 22, 2026
spot_img
spot_img

အေစီမီလန်အသင်းမှာ လီယာအိုအတွက် အကောင်းဆုံးဟု မာလ်ဒီနီ ဆို

အေစီမီလန်အသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မာလ်ဒီနီက အေစီမီလန်အသင်းမှာ ပေါ်တူဂီတိုက်စစ်မှူး လီယာအိုအတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီယာအို (၂၃ နှစ်)သည် အေစီမီလန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ချယ်လ်ဆီး နှင့် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

သို့သော် မာလ်ဒီနီက အေစီမီလန်မှာ လီယာအိုအတွက် အကောင်းဆုံးနေရာဖြစ်ပြီး ၎င်းအား စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မာလ်ဒီနီက “လီယာအိုက စိန်ရိုင်းတုံးလိုပါပဲ။ သူ ဒီ(အေစီမီလန်)ကို ရောက်တုန်းက အသက် (၂၀)ပဲရှိသေးပြီး ယုံကြည်မှုတောင် သိပ်မရှိသေးပါဘူး။ သူ့ကို ကျွန်တော် တို့ စာချုပ်သစ်ချုပ်ဆိုချင်ပါတယ်။ အေစီမီလန်က သူ့အတွက် အကောင်းဆုံးလို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

လီယာအိုသည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် စီးရီးအေ (၇) ပွဲတွင် (၄) ဂိုး သွင်းယူထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments