Monday, February 9, 2026
spot_img
spot_img

အေဂျက်စ်ကွင်းလယ်ကစားသမား ကူဒူစ်အား ထပ်မံကမ်းလှမ်းရန် ဝက်စ်ဟမ်းအသင်း ပြင်ဆင်

ဝက်စ်ဟမ်းအသင်းသည် အေဂျက်စ်ကွင်းလယ်ကစားသမား ကူဒူစ်အား ခေါ်ယူရန်အတွက် ထပ်မံကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် အသက် (၂၃) နှစ်အရွယ်ရှိ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ကူဒူစ်အား ပေါင် သန်း (၃၀)၊ ပေါင် (၃၆)သန်းတို့ဖြင့် နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့ရာ အေဂျက်စ်အသင်းက ပယ်ချခဲ့ကြောင်း သိရှိရသည်။

သို့သော် ဝက်စ်ဟမ်းအသင်းသည် ကူဒူစ်အား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ခြင်းမရှိသေးဘဲ အေဂျက်စ်အသင်းနှင့် ဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

အေဂျက်စ်အသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကူဒူစ်အား အသင်းတွင် ဆက်ထိန်းလိုနေပြီး ၎င်းအား ယခုရာသီ အေဂျက်စ်အသင်း၏ ပွဲစဉ် (၂) ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

သို့သော် ကူဒူစ်ကမူ ယခုနွေရာသီတွင် အေဂျက်စ်အသင်းမှ ထွက်ခွာလိုနေပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုသဖြင့် ဝက်စ်ဟမ်းအသင်းက ယင်းအခွင့်အရေးကို အသုံးချကာ ၎င်းအား ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် ယခုနွေတွင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နှင့် တိုက်စစ်မှူး ဆကာမာကာတို့ကို ရောင်းချခဲ့ပြီး ဝက်ဒ်ပရောက်စ်၊ အယ်လ်ဗာရက်ဇ်၊ ရှောင်မိုးနှင့် မာဗရိုပါနော့စ်တို့ကို ခေါ်ယူထားကာ ကစားသမားသစ်များ ထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments