Monday, February 9, 2026
spot_img
spot_img

အီတလီစီးရီးအေပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ – အင်တာမီလန် (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

ဘိုလော့ဂ်နာက မာကျောပြီး ဥရောပဝင်ခွင့်ပစ်မှတ်ထား နေတဲ့ အသင်းဖြစ်တယ်။ နောက်ပိုင်းပွဲတွေမှာလည်း မွန်ဇာနဲ့ပွဲ ကလွဲလို့ ရမှတ်တွေအတော်လေး စုဆောင်းထားနိုင်ခဲ့တာလည်း တွေ့ရတယ်။ အင်တာမီလန်က ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းပြဿနာခံစားရနိုင်တယ်။ ဒါ့အပြင် အင်တာရဲ့ နောက်ပိုင်း အဝေးကွင်းခြေစွမ်းကလည်း ထင်သလောက်အားရစရာမရှိဘူး။ ဘိုလော့ဂ်နာနဲ့ အရဲစွန့်ချင်တယ်။

ဆလာနီတာနာ – မွန်ဇာ (တနင်္ဂနွေည ၈း၃၀ နာရီ)

မွန်ဇာက ဆလာနီတာနာနဲ့တွေ့ဆုံတဲ့ နောက်ဆုံး (၃)ပွဲ ဆက် ဂိုးပြတ်အနိုင်ရခဲ့တယ်။ လက်ရှိခြေစွမ်းအရကြည့်ရင် လည်း မွန်ဇာက ပိုကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ အမှတ်လိုအပ် ချက်ပိုများတဲ့ ဆလာနီတာနာကို ကြိုက်တယ်။

အူဒီးနီးစ် – စပီဇီယာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

စပီဇီယာကတော့ တကယ်ကို ဆိုးရွားနေပြီး တိုက်စစ်က လည်း ဘယ်လိုမှကို အလုပ်မဖြစ်ဘူး။ ယုံကြည်မှုပါပျောက်ဆုံး နေသလို ဖြစ်နေတယ်။ အူဒီးနီးစ်အိမ်ကွင်းမှာ နိုင်ပွဲပြန်ရဖို့ များ တယ်။

အေစီမီလန် – အတ္တလန်တာ (တနင်္လာနံနက် ၂း၁၅ နာရီ)

အေစီမီလန်က နိုင်ပွဲတွေပြန်ရလာပေမဲ့ သိပ်စိတ်ချလို့မရသေးဘူး။ ကစားပုံက လိုအပ်ချက်တွေရှိဆဲဖြစ်ပြီး နိုင်ပွဲတစ်ပွဲ ရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဆိုရမယ်။ ဂျရူး ပုံမှန်ဂိုးသွင်းခြေမရသေးတာကလည်း အေစီမီလန်အတွက် စိတ်ပျက်စ ရာဖြစ်တယ်။ အတ္တလန်တာကလည်း တဖြည်းဖြည်းကျရိပ်ပြလာပြီး ဆာဆူအိုလို၊ လက်ချီတို့ကို အရှုံးပေးခဲ့ရတယ်။ အဝေးကွင်း လည်းဖြစ်လို့ အတ္တလန်တာအတွက် ခက်ခဲနိုင်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အိမ်ရှင် အေစီမီလန်အသင်းပဲ အနိုင်ရဖို့များ ပါတယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်တယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments