Saturday, February 7, 2026
spot_img
spot_img

“အာလင် ဟာလန်း သည် Multiverse ၏ပထမဆုံးချန်ပီယံဖြစ်လာလိမ့်မည်” ဟု စူပါအေးဂျင့် ရာဖေးလာ ပီမန်တာ ဆို

အာလင် ဟာလန်း ၏ အေးဂျင့် ရာဖေးလာ ပီမန်တာ သည် ဟာလန်း ၏ အနာဂတ်အကြောင်း အင်တာဗျူးတစ်ခုတွင် ပြောပြခဲ့သည်။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် ပုံရိပ်ယောင်ဘောလုံးလောက၏ပထမဆုံးချန်ပီယံဖြစ်လာနိုင်ပြီး ၎င်းသည် စံချိန်အားလုံးကိုချိုးဖျက်မည်ဟု ပီမန်တာက ပြောကြားခဲ့သည်။

“သူဟာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာမှာပါ။ ဆုဖလားတွေ၊ စပွန်ဆာတွေ စသဖြင့် အသက် ၂၂ နှစ်မှာ သူရရှိထားတဲ့အရာတွေကို စဉ်းစားကြည့်ပါ။ အစစ်အမှန်ကမ္ဘာတွင်သာမက ဒစ်ဂျစ်တယ်ကမ္ဘာမှာပါ အောင်မြင်မှာပါ။ သူဟာ metaverse ၏ပထမဆုံးချန်ပီယံဖြစ်လာပါလိမ့်မယ်။ သူ့လျှိဝှက်ချက်ကတော့ သူ့မိသားစုပါပဲ၊ ဘောလုံးသမားဟောင်း သူ့အဖေက သူ့ကို အများကြီး ကူညီပေးခဲ့တယ်။ စံချိန်တွေအားလုံးကို ချိုးဖျက်ပစ်မှာပါ” ဟု ပီမန်တာက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအင်တာဗျူးတွင် ပီမန်တာက ယခုအချိန်အထိ ဘောလုံးလောကတွင် သူမ၏ အတွေ့အကြုံများ၊ အမျိုးသမီးတစ်ဦးအနေဖြင့် မကြာခဏ မမျှတစွာ ဆက်ဆံခံရပုံတိုကိုလည်း ပြောပြခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments