၁ ။ အာဆင်နယ် အသင်းရဲ့ ပေါ်တူဂီ နောက်ခံလူ နူနို တာဗာရက်ဇ် ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းထံ အငှားကြေး ပေါင် ၁ သန်းကျော်နဲ့ ပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ပါတယ် ။ ဖောရက်စ် အသင်းဟာ အငှား စာချုပ် ပြည့်တာနဲ့ တာဗာရက်ဇ် ကို ပေါင် ၁၂ သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိပြီး ဆေးစစ်မှု အောင်မြင်ပြီး ဖြစ်ပါတယ် ။ ဖောရက်စ် ဟာ တာဗာရက်ဇ် ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သောင်းကို အပြည့်အဝ ပေးချေ သွားမှာပါ ။
၂ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဘာစီလိုနာ အသင်း ရဲ့ စပိန် လက်ရွေးစင် နောက်ခံလူ Laia Codina ကို အပြီးသတ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ Codina ဟာ လောလောလတ်လတ် စပိန် အမျိုးသမီး အသင်း နဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ထားတဲ့ ကစားသမား တစ်ဦးပါ ။

၃ ။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အဓိက မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းထံ စမစ်ရို ကို ရောင်းချလိုစိတ် လုံးဝ မရှိပါဘူး ။ ဈေးကွက်တန်ကြေးထက် ပိုမို မြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး လက်ခံရရှိလာလျှင်တော့ ရောင်းချဖို့ စဉ်းစား သွားမှ ဖြစ်ပါတယ် ၊ သတင်းတွေအရ ချဲလ်ဆီး အသင်းဟာ စမစ်ရို အတွက် ကစားသမား အလိုက်ပေး ကမ်းလှမ်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
၄ ။ အာဆင်နယ် အသင်းဟာ ဂါလာတာစာရေး အသင်းရဲ့ နောက်ခံလူ ဗစ်တာနယ်လ်ဆင် ကို ခေါ်ယူဖို့ ကမ်းလှမ်း ခံရပေမယ့် မခေါ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ Express Sport က ဖော်ပြ လာခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ ဂါလာတာစာရေး နဲ့ ပေါင် ၂၁ သန်း စာချုပ် ဖျက်သိမ်းကြေး ရှိသူ ဖြစ်ပါတယ် ။

၅ ။ မနေ့က ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ဆု ပေးပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဆာကာ ရရှိ သွားခဲ့ပါတယ် ။ ဒါ့အပြင် ပီအက်ဖ်အေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် အသင်းမှာလည်း အာဆင်နယ် မှ ရမ်စ်ဒေးလ် ၊ ဆာလီဘာ ၊ ဆာကာ နှင့် အော်ဒီဂတ် တို့ ပါဝင် ခဲ့ပါတယ် ။
၆ ။ ဒိန်းမတ် မီဒီယာ tipsbaldet . dk ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ ဘင်ဖီကာ ညာနောက်ခံလူ Alexander Bah ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ ဘင်ဖီကာကတော့ Bah အတွက် ယူရို သန်း ၃၀-၃၅ ဝန်းကျင် အလို ရှိနေပါတယ် ။
၇ ။ မာယော့ကာ အသင်းဟာ ဟိုးလ်းဒင်းကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပြီး အာဆင်နယ် နဲ့ ဆွေးနွေး နေကြပါတယ် ။ လူတန်တောင်း အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်း နေတာကြောင့် ဘယ်အသင်းကို ရောက်သွားမလဲ ဆိုတာက စိတ်ဝင်စား စရာပါ ။






