အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) အဖြစ် ခရစ္စတယ်ပဲလေစ့် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် ပထမအကျော့မှာတုန်းကတော့ ခရစ္စတယ်ပဲလေစ့် အသင်းကို ၂ ဂိုးပြတ် အနိုင်ရထားပါတယ် ။
ဒီတစ်ပတ် မှာ ချန်ပီယံ ပြိုင်ဘက် မန်စီးတီး အသင်းက ပရီးမီးယားလိဂ် ပွဲ ကစားရဖို့ မရှိတာကြောင့် အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပွဲကိုသာ အနိုင်ရရင် လက်ကျန် ၁၀ ပွဲ အလိုမှာ အမှတ်ပေး ဇယား ထိပ်ဆုံး ကနေ ၈ မှတ်ဖြတ် ဦးဆောင် နိုင်မှာ ဖြစ်ပါတယ် ။

ဂန်းနား တောင်ပံ ကစားသမားဟောင်း ပေါလ်မာဆင် က Sportskeeda မှာ ” ကျနော်ကတော့ ဒီပွဲမှာ အာဆင်နယ် အသင်း ဘက်ကနေပဲ နေချင်ပါတယ် ၊ ဘယ်နှစ်ဂိုး သွင်းမလဲပဲ ခန့်မှန်းရမှာပါ ၊ Title Race မှာ ဘယ်အသင်းက ပွဲအရင်ကစားရသလဲ ဆိုတာက အဓိက ကျပါတယ် ။ ”
” ဒီပွဲကိုသာ နိုင်ရင် အာဆင်နယ် က အမှတ်ပေး ဇယား ထိပ်ဆုံးကနေ ၈ မှတ် ဖြတ် ဦးဆောင် နိုင်မယ့် အခွင့်အရေး ရှိနေ ။ စီးတီး က တစ်ပွဲ ကစားဖို့ ကျန်နေသေးတယ်ဆိုပေမယ့် အာဆင်နယ် အနေနဲ့ ပဲလေစ့် ကို အနိုင်ကစားပြီး နောက်မှ ကစားရမယ့် ဂွာဒီယိုလာရဲ့ အသင်း ဖိအားများသွားအောင် လုပ်နိုင်အောင် လုပ်သွားရပါမယ် ။ ”

” လူတွေက အာဆင်နယ် အသင်း ပွဲ ကြပ်တယ် ၊ မလွယ်ဘူးလို့ ပြောနေကြတာ တွေ့ပါတယ် ။ မန်စီးတီး အသင်း ကစားရမယ့် ပွဲတွေ ကြည့်ကြည့်တော့ လုံးဝ လွယ်ကူနေတာမျိုးလည်း မဟုတ်ပါဘူး ။ ခရစ္စတယ်ပဲလေစ့် အသင်း က တန်းဆင်းဇုန် အန္တရယ် ရှိနေတယ် ဆိုပေမယ့် အောက်ဆုံး ၃ သင်း နှင့် သူတို့ကြားမှာ အသင်းတွေ အများကြီး ရှိနေပါသေးတယ် ။ ”
” အာဆင်နယ် နဲ့ ပွဲပြီးရင် ပဲလေစ့် က သူတို့ အောက်ကအသင်းတွေနဲ့ပဲ ကစားရမှာပါ ။ ဒီရာသီ အာဆင်နယ် မှာ ခြေစွမ်း အထင်ပေါ်ဆုံး ကစားသမားကို ရွေးမယ်ဆိုရင် ဆာကာ နှင့် အော်ဒီဂတ် တို့ နှစ်ဦးကို ရွေးပါမယ် ၊ အာဆင်နယ် ကပ္ပတိန် က ရှေ့ကနေ အသင်းကို ဦးဆောင် ထားနိုင်ပြီး တောက်လျှောက် ပုံစံကောင်းတွေ ပြသနေပါတယ် ။ ”
” ဆာကာ ကတော့ အာတီတာ ရဲ့ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေတာပါ ။ ပွဲကြီး ပွဲကောင်းတွေမှာ အသင်း အတွက် အဖွင့်ဂိုး သို့မဟုတ် အနိုင်ဂိုး သွင်းပေးတဲ့ ကစားသမား မျိုးကို ကျနော် ကတော့ သဘောကျပါတယ် ၊ ဒီအရာကို ဆာကာ ဒီရာသီမှာ ကောင်းကောင်း လုပ်ပြ ထားနိုင်ပါတယ် ။ ”
” လီအန်ဒရို ထရောဆက်ဒ် ကလည်း ဒီရာသီ ကျနော် အထင်ကြီးမိတဲ့ ကစားသမား တစ်ဦးပါ ၊ သူ့ကို ပေါင် ၂၈ သန်းနဲ့ ရလိုက်တာ က အာဆင်နယ် အသင်းရဲ့ မယုံနိုင်စရာ စာချုပ်ချုပ် ခေါ်ယူမှု ပါပဲ ။ သူက မန်စီးတီးမှာတောင် နေရာ ရနိုင်တဲ့ ကစားသမားပါ ။ ကျနော်ကတော့ အာဆင်နယ် အသင်း ပဲလေစ့်ကို ၃ ဂိုးပြတ် အနိုင်ရလိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






