Saturday, February 7, 2026
spot_img
spot_img

အာဆင်နယ် ထက်စာရင် ဒီကလန်ရိုက်စ် ဦးစားပေး ရွေးချယ်သင့်တဲ့ အသင်း ၂ သင်း ကို ပြောကြားလိုက်တဲ့ ဒွိုက်ယောခ့်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဒွိုက်ယောခ့် က ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ် အနေနဲ့ အာဆင်နယ် ထက်စာရင် မန်စီးတီး ၊ မန်ယူနိုက်တက် တို့ကို ပြောင်းရွှေ့ကစားသင့်တယ်လို့ ဆိုလိုက်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် ရိုက်စ် ဟာ ရာသီကုန်မှာ ဝက်စ်ဟမ်း အသင်း ကနေ ထွက်ခွာဖို့ ရှိနေပြီး အာဆင်နယ် ၊ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ် ။ ဝက်စ်ဟမ်း အသင်းကတော့ ရိုက်စ် အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး အလို ရှိနေပါတယ် ။

ဒွိုက်ယောခ့် က ရိုက်စ် အနေနဲ့ အသင်းသစ်ကို ရွေးချယ်ရာမှာ သေချာ စဉ်းစား ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း သတိပေး သွားခဲ့ပါတယ် ။ ” ငွေရေးကြေးရေး က ပြဿနာ ဖြစ်လာလိမ့်မယ်လို့ ကျနော် ကတော့ မထင်ပါဘူး ။ သူ ဝက်စ်ဟမ်း ကနေ ထွက်ခွာချင်တာက ဆုဖလား အောင်မြင်မှုတွေ ရယူချင်ပီး ချန်ပီယံလိဂ် ကစားချင်တာကြောင့်ပါ ။ ရိုက်စ် တစ်ယောက် လန်ဒန် ကနေ တခြား တစ်နေရာကို သွားချင်ရဲ့လား ကလည်း ထည့်သွင်းစဉ်းရပါမယ် ။ ”

” သူ့အနေနဲ့ လန်ဒန်မှာ ဆက်နေချင်တယ်ဆိုရင် အာဆင်နယ် လို လူငယ် ကြယ်ပွင့်တွေ များပြားပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ အသင်းကို ပြောင်းရွှေ့ ကစားလို့ ရပါတယ် ။ ချဲလ်ဆီး က အကူးအပြောင်း ကာလ တစ်ခုကို ဖြတ်သန်း နေရတာပါ ၊ ဘာမှ မသေချာ မရေရာတဲ့ အချိန်မှာ သူ ချဲလ်ဆီး ကို သွားချင်ပါ့မလား ။ ”

” မန်ချက်စတာ ယူနိုက်တက် က အင်္ဂလန် ရဲ့ အကြီးမားဆုံး ကလပ်ပါ ၊ သူ အဲ့ဒီကို သွားမယ်ဆိုရင်တော့ ဖိအားတွေနဲ့တော့ ကြုံရမှာပါပဲ ။ ကျနော် သာ သူ့နေရာမှာဆို မန်စီးတီးသာ စိတ်ဝင်စားတယ်ဆိုရင် မန်စီးတီး ကိုပဲ ရွေးချယ်မှာပါ ၊ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ ကစားပုံ နှင့် ဖလား အောင်မြင်မှုတွေကြောင့်ပါ ။ ”

” မန်ယူနိုက်တက် က စိတ်ဝင်စားတယ်ဆိုရင်လည်း ပယ်ချမှာ မဟုတ်ပါဘူး ၊ ယူနိုက်တက် က ပိုပို ကောင်းလာဖို့ပဲ ရှိတဲ့ အသင်း တစ်သင်းပါ ။ ကျနော်သာဆို အခု အချိန် ချဲလ်ဆီး ကို လုံးဝ မသွားပါဘူး ၊ တကယ့်ကို တိုင်ပတ်နေတဲ့ အသင်း ဖြစ်နေတာကြောင့်ပါ ၊ လန်ဒန်မှာ ဆက်နေချင်တယ်ဆိုရင် အာဆင်နယ် က ရွေးချယ်မှုကောင်း ဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် ကျနော်သာဆို မန်စီးတီး က ပထမ ဦးစားပေး မန်ယူနိုက်တက် က ဒုတိယ ဦးစားပေး အဖြစ် ထားထားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments