ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ် အသင်းနောက်ဆုံး ၃ ပွဲဆက်တိုက် သရေကျပြီး အမှတ်တွေ ဆက်တိုက်လျှော့နေမှု ဟာ ဆလီဘာ ပါဝင် မကစားနိုင်မှု နဲ့ အဓိက သက်ဆိုင်တယ်လို့ အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော် က ပြောကြား လိုက်ပါတယ် ။
အာဆင်နယ် အသင်း ရဲ့ နောက်ခံလူ ဆလီဘာ ဟာ စပို့တင်း လစ္စဘွန်း နဲ့ ပွဲမှာ ရရှိခဲ့တဲ့ နောက်ကျော ဒဏ်ရာကြောင့် အခု အချိန်အထိ အသင်း နဲ့ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနိုင်ခြင်း မရှိသေးပါဘူး ။ ဆလီဘာ ပါဝင် မကစားနိုင်တဲ့ ၃ ပွဲမှာ အာဆင်နယ် အသင်းဟာ ပေးဂိုး ၇ ဂိုး အထိ ခွင့်ပြု ထားရပြီး ရမှတ် ၆ မှတ် အထိ လျှော့ ခဲ့ပါတယ် ။

အဘွန်လဟော် ကတော့ ဆလီဘာ မကစားနိုင်မှုဟာ အာဆင်နယ် အသင်း အပေါ် ရိုက်ခတ်မှု ကြီးမားပြီး သူ့နေရာ ဝင်ကစားတဲ့ ဟိုးလ်ဒင်း ဟာ ချန်ပီယံရှစ် အဆင့်အတန်း ပဲ ရှိတယ်လို့ ဝေဖန် သွားခဲ့ပါတယ် ။ ” ခင်ဗျားတို့ ဟိုးလ်ဒင်း ကို ကြည့်ကြည့်ပါ ၊ ကျနော့်အတွက်ကတော့ သူက ချန်ပီယံရှစ် အဆင့်ပဲ ရှိတဲ့ နောက်ခံလူ တစ်ဦးပါ ။ ”

” ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်နေတဲ့ ပရီးမီးယားလိဂ် အသင်း ရဲ့ တတိယ ဦးစားပေး နောက်ခံလူ မဖြစ်ထိုက်ပါဘူး ။ ဆလီဘာ ဒဏ်ရာရသွားပြီး နောက်ပိုင်းမှာ အာဆင်နယ် က သုံးပွဲ ကစား ပေးဂိုး ၉ ဂိုး အထိ ရှိ ခဲ့ပါတယ် ( အမှန်က ၅ ပွဲ ကစား ပေးဂိုး ၉ ဂိုးပါ ) ဒါက သိပ်ကောင်းတဲ့ အရာတော့ ဟုတ်မနေပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






