Tuesday, January 20, 2026
spot_img
spot_img

အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲအတွက် ခံစစ်ပိုင်းဒဏ်ရာပြဿနာများနှင့် မန်စီးတီးအသင်း ရင်ဆိုင်နေရကြောင်း Daily Mail ဖော်ပြ

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ချန်ပီယံဆုအတွက် အရေးပါသည့် အာဆင်နယ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ခံစစ်ပိုင်းဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ဗြိတိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၆၃) မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး မတ်လ (၃၁) ရက်(တနင်္ဂနွေနေ့)တွင် အမှတ်ပေးဇယား ထိပ်ဆုံးတွင် လီဗာပူးလ်အသင်း(၆၄ မှတ်)နှင့်ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ရပ်တည်နေသည့် အာဆင်နယ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

မန်စီးတီး အသင်း၏ အဓိကနောက်ခံကစားသမားများဖြစ်သည့် ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်နှင့် အကန်ဂျီ တို့မှာ နိုင်ငံလက်ရွေးစင်အသင်းများအတွက် ကစားရင်း ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။ ဝေါ်လ်ကာသည် ဘရာဇီးလ်ကို ရှုံးနိမ့်သည့်ပွဲတွင် အင်္ဂလန်အသင်းအတွက် ကစားရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဝေါ်လ်ကာ၏ ဒဏ်ရာမှာ ကနဦးထင်ထားသလောက် ပြင်းထန်ခြင်းမရှိသော်လည်း အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲအမီ သက်သာလာရန် စောင့်ကြည့်နေရကြောင်း သိရသည်။ ဂျွန်စတုန်းစ်မှာလည်း မတ်လ (၂၆) ရက်က အင်္ဂလန် (၂-၂) ဘယ်လ်ဂျီယံ ခြေစမ်းပွဲ၌ ပွဲချိန် (၁၀) မိနစ်တွင် ဒဏ်ရာရပြီး လူစားလဲခဲ့ရသည်။ အကန်ဂျီမှာမူ ဆွစ်ဇာလန်အသင်းအတွက် ကစားရင်း အသေးစားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျွန်စတုန်းစ်နှင့် အကန်ဂျီတို့မှာလည်း အာဆင်နယ်နှင့်ကစားမည့်ပွဲမတိုင်မီ ပြန်လည်သက်သာလာရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

ထို့ပြင် လီဗာပူးလ်အသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျသည့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့သည့် ဂိုးသမား အီဒါဆန်မှာလည်း အာဆင်နယ်နှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်မရှိကြောင်း သိရှိရသည်။

မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)နှစ်ဆက်တိုက် ရယူနိုင်ရန်အတွက် ကြိုးပမ်းနေပြီး မတ်လ (၃၁)ရက်တွင် အာဆင်နယ်အသင်းနှင့်ကစားမည့်ပွဲမှာ ချန်ပီယံဆုအတွက် အလွန်အရေးပါသည့်ပွဲစဉ်တစ်ပွဲ ဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments