နော်တင်ဟမ်ဖောရက်စ်အသင်း၏နည်းပြ စတိဗ်ကူးပါးက အာဆင်နယ်နှင့်ပွဲအတွက် ယုံကြည်မှုအပြည့်ရှိသည်ဟု ပြောကြားခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တန်းဆင်းအန္တရာယ်အတွက် ရုန်းကန်နေရပြီး ယခုတစ်ပတ်၌ အမှတ်ပေးဇယားဒုတိယနေရာမှ အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းအတွက် စတိဗ်ကူးပါးက “လေ့ကျင့်ရေးကွင်းက အသင်းရဲ့အခြေအနေ အရမ်းကောင်းနေသလို၊ စိတ်ပိုင်းဆိုင်ရာကလည်း အရမ်းကောင်းနေပါတယ်။ အာဆင်နယ်နဲ့ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားပြီး ယုံကြည်မှုလည်း အပြည့်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၃၆) ပွဲကစားပြီးချိန်တွင် ရမှတ် (၃၄) မှတ်ဖြင့် အဆင့် (၁၆) နေရာ ရပ်တည်နေပြီး တန်းဆန်းဇုန်ဖြစ်သည့် အဆင့် (၁၈) မှ လက်စတာအသင်း(၃၀ မှတ်)နှင့် (၄) မှတ် ကွာဟနေသည်။






