Wednesday, January 14, 2026
spot_img
spot_img

အာဆင်နယ်နဲ့စာချုပ်သစ်အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းနဲ့စာချုပ်သစ်အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

အာတီတာ နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်နေပြီး စပိန်သားက အသင်းမှာဆက်နေဖို့များနေပါတယ်။

ဒါပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတော့ မကြားရသေးတာဖြစ်ပါတယ်။

အာတီတာဟာ ၂၀၁၉ ဒီဇင်ဘာတုန်းက အာဆင်နယ်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ ရာသီဆက် ချန်ပီယံဆုနဲ့နီးစပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ အာတီတာနဲ့စာချုပ်သစ်အနေအထားကို အလျင်အမြန်အပြီးသတ်ဖို့ အလိုရှိနေပါတယ်။

“အခုတော့ အပြောင်းအရွှေ့အပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ အများကြီးဆွေးနွေးနေသလို လုပ်ဆောင်နေပါတယ်။ အခုချိန်မှာ အဲ့ကိစ္စတွေကိုပဲ အာရုံစိုက်ထားပါတယ်။ 

အပြောင်းအရွှေ့အပြီးသတ်ရင်တော့ စာချုပ်ကိစ္စဆွေးနွေးမှာပါ”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့မပိတ်ခင် အလုပ်များနေပြီး မာရီနိုကို ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လာမယ့်အပတ်မှာ အာဆင်နယ်ဟာ ဒုတိယမြောက်ပွဲအဖြစ် ဗီလာအသင်းနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments