Tuesday, January 20, 2026
spot_img
spot_img

အသင်းနောက်ခံလူဟောင်း ရာမို့စ်ကိုခေါ်ယူမည်မဟုတ်ဟု ဆီဗီလာအမှုဆောင်ချုပ် ဆို

ဆီဗီလာအသင်း၏အမှုဆောင်အရာရှိချုပ် ဗစ်တာအော်တာက အသင်းနောက်ခံလူဟောင်း ရာမို့စ်ကို ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ရာမို့စ်(၃၇ နှစ်)သည် ယခုနွေတွင် PSG အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ရာ ဆီဗီလာသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ် ခဲ့သည်။ 

သို့သော် ယခုအခါ ဗစ်တာအော်တာက ဆီဗီလာအသင်းအနေဖြင့် ဗဟိုနောက်ခံလူ (၆) ဦးအထိရှိသည့်အပြင် အသင်းရှိကစားသမားများကို မှတ်ပုံတင်ရန် ရုန်းကန်နေရသဖြင့် ရာမို့စ်ကို မခေါ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments