Tuesday, January 20, 2026
spot_img
spot_img

အယ်လီဂျန်ဒရို ဂါနာချို အတွက် ရည်မှန်းချက်သစ် သတ်မှတ်ပေးလိုက်တဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာ အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး အယ်လီဂျန်ဒရို ဂါနာချို အတွက် ရည်မှန်းချက် အသစ် သတ်မှတ်ရေးဆွဲ ပေးလိုက်ပါတယ် ။

ဂါနာချို ဟာ ဒဏ်ရာကြောင့် အနားယူနေရ အပြီး ရက်ပေါင်း ၅၀ ကျော်မှာ အသင်းအတွက် ပြန်လည် ပါဝင် ကစားခွင့် ရရှိခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဝုဗ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ် ။

ပထမပိုင်းမှာ အန်တိုနီ မာစီရယ် က အဖွင့်ဂိုးကို သွင်းပေးခဲ့ပြီး လူစားဝင်လာတဲ့ ဂါနာချို က ဒုတိယပိုင်း ပြီးခါနီးမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ် ။

ဒီနိုင်ပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မန်ယူနိုက်တက် ကို အားသာချက် ရရှိစေခဲ့ပြီး လိဒ် နဲ့ သရေကျတဲ့ အဆင့် ၃ က နယူးကာဆယ် နဲ့ အမှတ်တူညီ သွားစေခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာလည်း အသင်းသမိုင်းမှာ ပထမဆုံး နည်းပြတဲ့ ရာသီအတွင်း နိုင်ပွဲ အများဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် မှတ်တမ်း ရေးထိုး သွားနိုင်ခဲ့ ပါတယ် ။

“ဂါနာ က တကယ် အရေးပါပြီး ကောင်းမွန်တဲ့ ဂိုးတဂိုးကို သွင်းခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ် ။ သူ လူစားဝင် လာတယ် ၊ သူ ဂိုးသွင်းတယ် ၊ ဒါက သူ့ကို ယုံကြည်မှုတွေ တိုးလာစေပြီး ကျန်တဲ့ ပွဲတွေ အတွက် အထောက် အကူ ဖြစ်စေပါတယ် ။ ဒဏ်ရာကနေ ပြန်သက်သာလာ တာနဲ့ အသင်းအပေါ် အကျိုးပြုနိုင်တာ ကောင်းတဲ့ ကိစ္စပါပဲ” လို့ ယူနိုက်တက် နည်းပြ တန်ဟတ် က ဂါနာချို ကို ချီးကျုး ပြောဆိုခဲ့ ပါတယ် ။

“ဒီနှစ်ထဲမှာ ဂါနာ က လူစားဝင်ပြီးပဲ ဖြစ်ဖြစ် ပွဲထွက် ကစားပြီးပဲ ဖြစ်ဖြစ် အသင်းအပေါ် သက်ရောက်မှုတွေ ရှိခဲ့ ပါတယ် ။ သူ လုပ်ဖို့ လိုအပ်တာက ပွဲထွက် ကစားခွင့် များများ ရလာတဲ့ အခါမှာ ခြေစွမ်းကို တည်တည်ငြိမ်ငြိမ် ရှိဖို့ ပါပဲ ။ ဖူလ်ဟမ် နဲ့ ပွဲက အနိုင်ဂိုး ၊ စီးတီး နဲ့ ပွဲက ဖန်တီးမှု ၊ ပြီးတော့ အခုပွဲက ဒုတိယဂိုး ၊ ဒါတွေက ဂါနာ ရဲ့ အရည်အသွေးတွေကို ပြသနေတာပါ”

“ခံစစ်ကို ဆင်းကူတာတွေ ၊ ပြိုင်ဘက်ကို ဖိအားပေး ကစားတာတွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ် ။ ဒါတွေ အတွက် သူ လေ့လာသင်ယူရဦးမှာပါ” လို့ တန်ဟတ် က လူငယ်လေး ဂါနာချို အတွက် ရည်မှန်းထားတာတွေကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပွဲစဉ်မှာတော့ အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments