Saturday, February 7, 2026
spot_img
spot_img

အမ်ဘာပေ ၏ ရီးယဲလ်အိပ်မက် ပျက်ပြန်ပြီလား? ဗင်နီရှပ် ဂျူနီယာ က ပိုကောင်းသည်ဟု ယုံကြည်သောကြောင့် PSG ကြယ်ပွင့်ကို ခေါ်ယူရန် ရီးယဲလ် စိတ်မဝင်စား

ဗင်နီရှပ် ဂျူနီယာ ၏ ရီးယဲလ်မက်ဒရစ်အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားသည့်ပုံစံသည် ကိုင်လီယံ အမ်ဘာပေ ၏ ရီးယဲလ်သို ပြောင်းရွှေ့ရန် အိပ်မက်အတွက် အတားအဆီးဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရီဲးယဲလ်က ဗင်နီရှပ် ဂျူနီယာ ကို အမ်ဘာပေ ထက် ပိုကောင်းသည်ဟု ရှုမြင်ကာ စိတ်ဝင်စားနေသည်။

ပြင်သစ်ကစားသမား အမ်ဘာပေသည် ပီအက်စ်ဂျီ နှင့် စာချုပ်သက်တမ်းမတိုးမီ ပြီးခဲ့သည့်နှစ်က ရီးယဲလ်နှင့် စာချုပ်ချုပ်ရန် အလွန်နီးစပ်နေပြီဖြစ်သောကြောင့် ရီးယဲလ်မက်ဒရစ်တွင် သူကစားလိုသည့်ဆန္ဒမှာ လျှိဝှက်ချက်မဟုတ်ပေ။ အပြောင်းအရွှေ့သည် ပြန်စလာနိုင်သည်ဟု မကြာသေးမီက သတင်းများ ထွက်ပေါ်ခဲ့ပေမဲ့ ဗင်နီရှပ် ၏ မကြာသေးမီက လုပ်ဆောင်မှုများက အမ်ဘာပေ၏ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် မျှော်လင့်ချက်ကို နောက်တစ်ကြိမ် အဆုံးသတ်သွားစေနိုင်ပါသည်။

ဘရာဇီးလ်သားသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ပြောင်မြောက်သောပုံစံဖြင့် ကမ္ဘာ့ဘောလုံးလောက၏ ထိပ်တန်းသို တက်လာခဲ့ပြီး အမ်ဘာပေအပေါ် ရီးယဲလ်၏ စိတ်ဝင်စားမှုမှာ သိသိသာသာ အေးစက်သွားခဲ့သည်။ စပိန်အစိုးရအားကစားသတင်းစာ Marca ဓ ဖော်ပြချက်အရ ရီးယဲလ်သည် အမ်ဘာပေ ၏ ဝန်ဆောင်မှုများအတွက် မည်သည့်ငွေကြေးမျှ သုံးစွဲရန် ဆန္ဒမရှိသည့်အပြင် ဗင်နီရှပ်၏ ပုံစံကပါ ပြင်သစ်သားကို ခေါ်ယူခြင်းသည် အကျိူးမရှိဟု ရီးယဲလ်ကို ယူဆစေသည့်သဘောဖြစ်ကြောင်း သိရသည်။

အမ်ဘာပေ ၏ ပီအက်စ်ဂျီ စာချုပ်တွင် အသက် ၂၄ နှစ်ရှိ ကစားသမားအား ၂၀၂၄ ခုနှစ် နွေရာသီတွင် စာချုပ်သက်တမ်းအဆုံးသတ်ရန် ခွင့်ပြုမည့်၊ ရီးရဲမက်ဒရစ်၏ အပြောင်းအရွှေ့ ရပ်တည်ချက်အား ပြောင်းလဲစေနိုင်မည့် အပိုဒ်တစ်ခု ရှိနေကြောင်းလည်း သတင်းထွက်ရှိနေပါသည်။ သိုသော် ဂျူဒီ ဘယ်လင်ဟမ် ကို ခေါ်ယူခါနီးတွင် ရီးယဲလ် အနေဖြင့် သူတို၏ အနာဂတ်အသုံးစရိတ်ကို ထိန်းရန် ဖိအား ကြုံနိုင်ပါသည်။

သူသည် ပီအက်စ်ဂျီ နှင့် ပဉ္စမမြောက် လီဂူး ၁ ဖလားကို ရယူရန် ကြိုးစားနေပြီး ၎င်းဖလားသည် ဤရာသီမှာ သူရနိုင်သည့် တစ်ခုတည်းသော ဖလား ဖြစ်ပါသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments