Wednesday, February 11, 2026
spot_img
spot_img

အပြောင်းအရွှေ့တံခါး ဖွင့်လှစ်ထားဆဲဟု အာတီတာ ပြောကြား

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက အပြောင်းအရွှေ့တံခါးကို ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အာတီတာသည် လက်ရှိအချိန်၌ ကစားသမားသစ် ထပ်မံအားဖြည့်ရန်ထက်အသင်းမှ ကစားသမားအချို့အား ပြန်လည် ရောင်းထုတ်ပြီး ကျစ်လျစ်သည့်အသင်းတစ်သင်း ဖွဲ့စည်းသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

“လက်ရှိအသင်းရဲ့လူစာရင်းကို ကျွန်တော် တကယ်ကျေနပ်ပါတယ်။ ဒါပေမဲ့ ကစားသမား(၃၀)လောက်ကို ထိန်းထားနိုင်စွမ်းမရှိပါဘူး။ အပြောင်းအရွှေ့တံခါးကို ဖွင့်ထားဆဲဖြစ်ပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်”ဟု အာတီတာက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်၊ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နှင့် အေဂျက်စ်နောက်ခံလူ တင်ဘာစ်တို့ (၃) ဦးကို ပေါင် သန်း (၂၀၀) ကျော် အသုံးပြုကာ ခေါ်ယူထားသည်။ 

သို့သော် အာဆင်နယ်အသင်းသည် အေဂျက်စ်တိုက်စစ်ကစားသမား ကူဒူစ်အား ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် တိုက်စစ်ကစားသမား ပေပေ၊ တိုက်စစ်မှူး ဘာလိုဂန်အပါအဝင် ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments