ဂျာမနီလက်ရွေးစင်အသင်းမှ ကစားသမားများသည် ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းလူစာရင်းမှ မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ် ချန်လှပ်ခံရသည့်အတွက် အံ့အားသင့်ခဲ့ကြကြောင်း သိရသည်။
ဂရီးလစ်ရှ်သည် ပြီးခဲ့သည့်ရာသီတွင် မန်စီးတီးအသင်းအတွက် ပွဲအနည်းငယ်သာ ကစားခွင့်ရခဲ့သည့်အတွက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က နောက်ဆုံးလူစာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဂျာမနီကစားသမားများကမူ ဂရီးလစ်ရှ်သည် အင်္ဂလန်အသင်းမှ အခြားကစားသမားများထက် ပြိုင်ဘက်များအပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိသူဟု ယူဆသည့်အတွက် ၎င်းချန်လှပ်ခံရခြင်းကို အံ့အားသင့်နေခြင်းဖြစ်ကြောင်း သိရသည်။






