Wednesday, February 11, 2026
spot_img
spot_img

ဟာဇက်အတွက် စာနာပေးနိုင်မည်မဟုတ်ဟု တိုနီကရို့စ်ဆို

ရီးယဲလ်မက်ဒရစ်အသင်း၏ ဂျာမန်ဝါရင့်ကွင်းလယ်လူ တိုနီကရို့စ်က အသင်းတွင်  ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ပွဲကစားခွင့်မရရှိတော့သည့် ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်နှင့်ပတ်သက်၍ မိမိတကူးတကစာနာပေးနိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ရီးယဲလ်အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်သူ ဟာဇက်သည် အသင်းတွင် (၃)ရာသီကြာကစားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိပုံမှန်စွမ်းဆောင်ရည်ကိုမပြသနိုင်သလို၊ နည်းပြဖြစ်သူ အန်ဆယ်လော့တီနှင့်လည်း ဆက်ဆံရေးအေးခဲနေသူဖြစ်သည်။

ဟာဇက်၏အခြေအနေနှင့်ပတ်သက်ပြီး တိုနီကရို့စ်က ”အီဒင် (ဟာဇက်) ရဲ့အခြေအနေက ခက်ခဲမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့အတွက် တကူးတကစာနာနားလည်ပေးနေဖို့မလိုပါဘူး။ ပြင်ပလောကမှာ အီဒင်ထက်အခြေအနေဆိုးတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နေရသူတွေရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဘောလုံးလောကမှာ ဘယ်သူ့ကိုမှ စာနာမပေးနိုင်ပါဘူး” ဟုပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments