Monday, February 9, 2026
spot_img
spot_img

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖွင့်ဟလာတဲ့ ကန်တေ

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ လာမယ့် ဇွန်လအကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပြီး ၊ စာချုပ်သစ် ဆွေးနွေးမှု ကိစ္စတွေက အပေါင်းလက္ခဏာ ဆောင်နေသည့်တိုင် အခုထက်ထိ ကလပ်ဖက်က စာချုပ်သစ် အကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး ။

အသက် ၃၂နှစ် အရွယ်ရှိ ကန်တေဟာ ၂၀၁၆ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် လက်စတာ ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာကာ ၊ ၇နှစ်တာ ကစားထားတဲ့ ကာလ အတွင်း ချဲလ်ဆီးနဲ့ အတူ ကာရာဘောင်ဖလားကလွဲပြီး ကျန်တဲ့ဖလား အားလုံး ဆွတ်ခူးထားပါတယ် ။

နောက်ပိုင်းနှစ်တွေမှာ ကန်တေဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ချဲလ်ဆီး အတွက် ပွဲတော်တော်များများ လွဲချော်ထားသည့်တိုင် ၊ ကလပ်ဖက်က ကမ္ဘာ့အဆင့် အတွေ့အကြုံရင့် ကစားသမား တဦး အဖြစ် ၄င်းကို သတ်မှတ်ထားသေးတာကြောင့် အနည်းဆုံး ၂နှစ်နဲ့ အထက် စာချုပ်ချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ် ။

အကယ်၍ ကန်တေသာ ချဲလ်ဆီးနဲ့ အချိန်မှီ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ဘူးဆိုရင် ၄င်းကို ခေါ်မယ့် အင်အားကြီး ဥရောပ ကလပ်တွေက အဆင်သင့် စောင့်နေမှာ သေချာပါတယ် ။ Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကန်တေက သူ ချဲလ်ဆီးမှာ ဆက်နေလိုတဲ့ အကြောင်း အခုလိုပဲ အရိပ်အမြွက် ဖွင့်ဟလာပါတယ် ။

ကန်တေ က ” သေချာတာပေါ့ ။ ဒါဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပရောဂျက် တရပ် ဖြစ်ပါတယ် ။ ကံမကောင်းစွာနဲ့ ဒီနှစ် ဘောလုံးရာသီက ချဲလ်ဆီးရဲ့ အဆင့်အတန်းဆီ မရောက်ခဲ့ပါဘူး ။ ဒါပေမယ့် အသင်းသားတိုင်း ဒီလမ်းကြောင်း အတိုင်း ဆက်လျှောက်ချင်ကြပါတယ် ။ အောင်မြင်မှုတွေ ၊ ဆုဖလားတွေ ဆွတ်ခူးမယ့် လမ်းပေါ့ ။ ”

” ဒီလမ်းကြောင်းအတိုင်း ကလပ်ဖက်က တဖန်ပြန်ပြီး တိုက်ပွဲဝင် လျှောက်လှမ်းဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဘယ်မှာ ကျွန်တော် ရှိနေမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ဒါပေမယ့် ဒါက ကလပ် အတွက် အပြောင်းအလဲ တခု ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါက အရေးကြီးဆုံးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရှေ့နည်းပြဟောင်း ၂ဦး လက်ထက်မှာ တပွဲစီသာ ပါဝင် ကစားခဲ့ရတဲ့ ကန်တေဟာ အခုအခါမှာ ကြံ့ခိုင်မှု ပြည့်ဝလာပြီ ဖြစ်ကာ ၊ ယာယီ caretaker နည်းပြ ဖရန့် လမ်းပတ် လက်အောက်မှာတော့ ပွဲတိုင်းနီးပါး ကစားပေးထားပါတယ် ။ လက်ကျန်ရာသီ ၄ပွဲကိုလည်း ကြံ့ခိုင်မှုပြည့်ပြည့်နဲ့ ဆက်ကစားလိုကြောင်း ကန်တေက အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကန်တေ က ” ဒါက ဒဏ်ရာ ခွဲစိတ်မှု လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါပဲ ။ သန်သန်မာမာနဲ့ ပြန်လာဖို့ပါ ။ လောလောဆယ်တော့ ကျွန်တော် အဆင်ပြေနေပါတယ် ။ ဒီအတိုင်းပဲ ရှေ့ဆက်သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ နောက်ဆုံးအပတ်တွေမှာ ကျွန်တော် ဘောလုံးကစားရတာ အရမ်းကောင်းနေတယ်လို့ ခံစားရပါတယ် ။ ”

” လက်ကျန် ဘောလုံးရာသီ တလျှောက်လုံး ဒီအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါက ကျွန်တော့ ဘဝရဲ့ အခက်ခဲဆုံး အစိတ်အပိုင်း တရပ် ဖြစ်ဖို့သာ ကျွန်တော် မျှော်လင့်ပါတယ် ။ နောက်ပြီး ဒါကိုလည်း မေ့ပြီး ၊ ဘောလုံး ကစားတာကို နှစ်ခြိုက်မှု ရှိဖို့ ၊ နိုင်ပွဲတွေ ပြန်ရဖို့ ၊ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments