Thursday, January 22, 2026
spot_img
spot_img

ဝေဖန်ခံနေခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ်လူနဲ့ တောင်ပံ ကစားသမားတို့ကို အကြံပေးလိုက်တဲ့ ပေါလ် ပါကား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင််း တစ်ဦး ဖြစ်တဲ့ ပေါလ် ပါကား က ကွင်းထဲမှာ အမြဲလို ညည််းတွားလေ့ ရှိတတ်တဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ လိုအပ်ကြောင်း အကြံပြုခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ် ရဲ့ ပွားတာကို ခံနေခဲ့ရချိန် စိတ်မရှည် ဖြစ်ခဲ့ပြီး ပြန်လည် တုန့်ပြန်ခဲ့တဲ့ တောင်ပံ တိုက််စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို အနေနဲ့ ဘရူနို ဟာ အသင်း ခေါင်းဆောင် ဖြစ်တယ်ဆိုတာကို ခေါင်းထဲ ထည့်ထားဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကောင်းပါပြီ ၊ ဂျေဒန် ဆန်ချို ရဲ့ အနေအထားတွေက ဆိုရှယ် မီဒီယာ အထက်မှာ ဝေဖန်မှုတွေ ခံနေရမှာစိုးလို့ ဘရူနို ဖာနန်ဒက်စ် ကို ညည်းညူတာတွေ ရပ်တန့်လိုက်ဖို့ ပြောနေပုံ ပေါ်ခဲ့ပါတယ် ။ ဒါမျိုးက ဘောလုံးမှာ အမြဲလို ဖြစ်နေတတ်တဲ့ အရာတစ်ခုပဲလေ ”

” ကျွန်တော် ကိုယ်တိုင်တောင် ဘောလုံးကစားခဲ့စဥ်တုန်းက ရွိုင်ကိန်း ၊ ပီတာ ရှမိုက်ကယ် နဲ့ ပေါလ် အင့်စ် တို့ကို ဒီလိုမျိုး တုန့်ပြန်ခဲ့ဖူးပါသေးတယ်။ ဒါမျိုးက ကျွန်တော်တို့ ဘောလုံးကွင်းထဲမှာ အမြဲတမ်း ကြုံတွေ့နေကျ အရာတွေပဲ ဖြစ်ခဲ့ရပါတယ် ”

” ဒါပေမဲ့ အဲ့ဒီလို အကြိမ် 100 လောက် ဖြစ်ခဲ့ရင် 99 ကြိမ််လောက်က အဝတ်လဲခန်းထဲ ရယ်မောရင်းနဲ့ပြီးဆုံးသွားတတ်ပါတယ် ။ ဖာနန်ဒက်စ် ကွင်းထဲ အမြဲလို ညည်းညူနေတတ်တာ အားလုံး သိနှင့်ပြီးသားလို့ ထင်ပါတယ် ”

” သူ ညည်းညူတာ ဘယ်တော့မှ ရပ်တန့် မသွားတတ်ပါဘူး ။ သူ့အနေနဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့တော့ လိုပါသေးတယ် ။ သူ အဲ့ဒီလို ဖြစ်လာနိုင်အောင် လုပ်ကိုလုပ်ရပါ့မယ် ။ ဒီလို မလုပ်နိုင်ဖို့ ဆိုတာက သူ့အတွက် မဖြစ်နိုင််တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ”

” ဆန်ချို ကတော့ ဒီလို အပွားခံရတာကို အခြားသူတွေထက် ပိုပြီး ခံစားနေခဲ့ပုံပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဘရူနို က သူ့ကိုချည်းပဲ တစ်ချိန်လုံး ပြောဆိုနေခဲ့လို့လေ ။ ဒါပေမဲဲ့ ဆန်ချို အနေနဲ့လည်း ဘရူနိုကို အသင်းခေါင်းဆောင်် အဖြစ် ဆက်ဆံဖို့ လိုပါသေးတယ် ”

” ဘရူနို ဟာ အသင်း ခေါင်းဆောင် လက်ပတ် မပတ်ခဲ့ရင်တောင် ဆန်ချို ဖက်က အဲ့ဒီလို မတုန့်ပြန်ခဲ့သင့်ပါဘူး ။ ဒါပေမဲ့ ဖြစ်တာက ဖြစ်ခဲ့ပြီးပြီပဲလေ ” လို့ ပေါလ် ပါကား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments