Tuesday, January 13, 2026
spot_img
spot_img

လော်တာရိုမာတီနက်ဇ်ကို အသင်းခေါင်းဆောင်အဖြစ် အင်တာမီလန်အသင်း ခန့်အပ် 

အင်တာမီလန်အသင်းသည် အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့်ရာသီက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ၀ါရင့်ဂိုးသမား ဟန်ဒါနိုဗစ်၊ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဒီအမ်ဘရိုဆီယိုနှင့် တတိယအသင်းခေါင်းဆောင်ဖြစ်သူ ဘရိုဇိုဗစ်တို့ သုံးဦးစလုံး ယခုနွေရာသီတွင် ထွက်ခွာသွားသဖြင့် အသင်းခေါင်းဆောင်သစ် ရွေး ချယ်ခဲ့ရခြင်းဖြစ်သည်။ 

အသက်(၂၅) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ကြယ်ပွင့်ကစားသမား လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်ရာသီ၌ စတုတ္ထအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ထို့ပြင် အင်တာမီလန်အသင်းသည် အီတလီ လက်ရွေးစင်ကွင်းလယ်လူ ဘာရယ်လာ (၂၆ နှစ်) ကိုလည်း ဒုတိယအ သင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

“အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ရတယ်ဆိုတာ အသင်းအတွက်ရော၊ အဝတ်လဲခန်းထဲမှာရော ပိုပြီးတော့ တာဝန်ကြီးလာပါတယ်။ ဒါပေမဲ့ အရင်ကတည်းက ကျွန်တော်က အသင်းဖော်တွေကို ကူညီဖို့ အမြဲစဉ်းစားနေသူဖြစ်ပြီး ဒီတာဝန်ကို ကောင်းကောင်းယူနိုင်မှာပါ”ဟု လော်တာရိုမာတီနက်ဇ်က ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments