Tuesday, January 13, 2026
spot_img
spot_img

လီဗာပူးမှာ တွဲဖက်ကစားထားတဲ့ သူတွေထဲက အကောင်းဆုံး ကစားသမားကို ပြောပြလိုက်တဲ့ ဗန်ဒိုက် (NOT Mo Salah or Mane)

ဗာဂျယ်ဗန်ဒိုက်က လီဗာပူးမှာ တွဲဖက် ကစားခဲ့တဲ့ အသင်းဖော်တွေထဲ အကောင်းဆုံး ကစားသမားကို ပြောပြသွားခဲ့ပြီး ၎င်းရဲ့ ရွေးချယ်မှုဟာ လူတော်တော်များများကို အံ့အားသင့်စေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဟော်လန်နဲ့ အတူ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်လျက် ရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားက မိုဆာလား နဲ့ ဆာဒီယိုမာနေး တို့ကို ကျော်ကာ လက်ရှိ လီဗာပူး အသင်းဖော် ရော်ဘတ်တိုဖာမီနိုကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်မှ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက် ဖာမီနိုနဲ့အတူ တွဲဖက် ကစားလာခဲ့တာ ဖြစ်ကာ အန်ဖီးမှာ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ဟာ ဆောက်သမ်တန်မှာ ကစားနေစဉ်တုန်း ကလည်း ဖာမီနိုကို ပြိုင်ဘက် ကစားသမား အဖြစ် ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။

ဗန်ဒိုက် “လီဗာပူးမှာ အကောင်းဆုံး ကစားသမား ကတော့ ဘော်ဘီဖာမီနို လို့ပဲ ကျနော် ပြောရမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် သူ့ကို ပြိုင်ဘက် ကစားသမား အဖြစ် ရင်ဆိုင် ကစားရတာကလည်း အရမ်းကို ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ နောက်ထိဆင်းကာ ချိတ်ဆက် ကစားတဲ့သူ ဖြစ်ပါတယ်။ ဒ့ါကြောင့် အကောင်းဆုံး အသင်းဖော်ဟာ သူလို့ ကျနော် ပြောနိုင်ပါတယ်။ ဒါပေမယ့် မိုဆာလား ဆာဒီယိုမာနေး နဲ့ ဖာမီနို တို့ကလည်း အရမ်းကို ထူးချွန်တဲ့ သူတွေပါ။ ဒီကစားသမားတွေနဲ့ အတူ တွဲဖက် ကစားရတာဟာ တကယ့်ကို ပျော်ရွှင်စရာပါ။” လို့ ဆိုလိုက်ပါတယ်။

နိုင်ငံ့လက်ရွေးစင် အသင်းမှာ ဘယ်သူက အကောင်းဆုံး ကစားသမားလဲဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်က “နိုင်ငံ့လက်ရွေးစင် အသင်းမှာတော့ ဖရန်ကီဒီဂျောင်းလို့ ကျနော် ပြောရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဖာမီနိုဟာ ပြီးခဲ့တဲ့နှစ်ပိုင်း အတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အထူး အရေးပါတဲ့သူ ဖြစ်ပြီး ဂျိုတာ ဒီယက် နဲ့ နူးနက် တို့ကြောင့် ဦးစားပေးအဆင့်ကနေ လျော့ကျသွားသလို ရှိခဲ့ပေမယ့်လည်း ဘရာဇီးသားဟာ သူ့ရဲ့ နေရာကို ပြန်လည် ရယူနိုင်ခဲ့ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၉ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးထားခဲ့ပါတယ်။ ဖာမီနိုဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိုင်း ကနေ လီဗာပူးကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး ၃၄၈ ပွဲမှာ ၁၀၇ ဂိုးထိ သွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။

ဖာမီနိုဟာ ဒီရာသီမှာ လီဗာပူးအတွက် ပုံစံကောင်းကို ပြသနေပေမယ့်လည်း ကမ္ဘာ့ဖလားအတွက် ဘရာဇီးအသင်းမှာ ရွေးချယ်ခံထားရခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်‌ဆုံးတော့မယ့် ၎င်းကို စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments