Tuesday, January 20, 2026
spot_img
spot_img

လာမယ့်နှစ် ချန်ပီယံလိဂ်မှာ အာဆင်နယ် အသင်းနှင့် ရင်ဆိုင် မကစားချင်ဘူးလို့ ဖွင့်ဟလာတဲ့ ဂန်းနားဟောင်း

ဂန်းနား ကွင်းလယ်လူဟောင်း ဂရန်းနစ် ရှာကာ က လာမယ့် ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် မကစားချင်ကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ဆွစ်ဇာလန် အသင်း ခေါင်းဆောင် ဟာ ပြီးဆုံးသွားခဲ့တဲ့ ဘောလုံး ရာသီမှာ လေဗာကူဆင် အသင်းကို ရှုံးပွဲမရှိ အမှတ်ပေး ချန်ပီယံ ဖြစ်အောင် ဖလား နှစ်လုံး အောင်မြင်မှု ရအောင် ကူညီ ပေးနိုင်ခဲ့သူပါ ။ ရှာကာ အနေနဲ့ လာမယ့် ရာသီမှာတော့ သူ ၇ နှစ်ကြာ အလှမ်းဝေးနေခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ကစားရတော့မှာ ဖြစ်ပါတယ် ။

ရှာကာ ရဲ့ လေဗာကူဆင် အသင်းဟာ ၂၀၂၃ -၂၄ ဘောလုံး ရာသီမှာ ၅၃ ပွဲ ကစားရာမှာ ရှုံးပွဲ တစ်ပွဲသာ ကြုံတွေ့ခဲ့ပြီး ၊ သူတို့ ရှုံးနိမ့် ခဲ့တဲ့ ပွဲကလည်း ယူရိုပါလိဂ် ဖိုင်နယ် မှာ အတ္တလန်တာ အသင်းကို အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ် ။

ရှာကာ က လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရနိုင်ချေ ရှိတာနဲ့ ပတ်သက်ပြီး ” အရိုးသားဆုံး ပြောရရင် ကျနော် သူတို့နဲ့ ရင်ဆိုင် မကစားချင်ပါဘူး ။ ကျနော် အာဆင်နယ် မှာ သိပ်ကိုလှပတဲ့ ခုနှစ်နှစ်တာကာလကို ဖြတ်သန်း ခဲ့တယ်ဆိုတာ အားလုံး သိကြပါတယ် ။ ဒါပေမဲ့ တွေ့လာခဲ့ရင်လည်း ပျော်ပျော်ကြီး ရင်ဆိုင် ကစားသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရှာကာ ဟာ ၂၀၁၆ ခုနှစ်မှာ မိုချန်ငလာဘတ် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အာဆင်နယ် အတွက် ပွဲပေါင်း ၂၉၇ ပွဲ ကစား ၊ အက်ဖ်အေ ဖလား နှစ်ကြိမ် ၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments