မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟော်လန်းသည် လာမည့်ဗိုလ်လုပွဲများ၌ ပေါက်ကွဲရန်အသင့်ဖြစ်နေပြီဟု ဘရန့်ဖို့ဒ်နှင့်ပွဲမတိုင်မီ ပြောကြားခဲ့သည်။
ဟော်လန်းသည် ယင်းပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သော နောက်ဆုံး(၆)ပွဲ၌ တစ်ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ ယင်းပွဲတွင်လည်း ဂွါဒီယိုလာက ၎င်းကို အနားပေးခဲ့သည်။

သို့ဖြစ်၍ ဝေဖန်မှုအချို့ရှိနေရာ ဂွါဒီယိုလာက ”ဂိုးသွင်းစက်ဟော်လန်းကို ကျွန်တော် သံသယမရှိပါဘူး။ သူ အချိန်အခါကောင်းကို စောင့်နေတာ ဖြစ်နိုင်ပါတယ်။ သူ ဂိုးသွင်းဖို့ အသင့်ဖြစ်နေပါတယ်။ သူက ဖိအားတွေ ခံစားတဲ့သူလည်း မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။






