Monday, February 9, 2026
spot_img
spot_img

လာမည့်နှစ်တွင် MMAကစားသမား မက်ဂရီဂေါ်နှင့် သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်သွားရန် မေဝယ်သာ ဆန္ဒရှိနေ

လာမည့်နှစ်တွင် UFCမှ နာမည်ကြီး MMAအားကစားသမား မက်ဂရီဂေါ်နှင့် သရုပ်ပြပွဲထိုးသတ်သွားရန် ဆန္ဒရှိနေကြောင်း ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှ အနား ယူထားသည့် ဖလွိုက်မေဝယ်သာက ပြောကြားခဲ့သည်။

ပရိုလက်ဝှေ့ပွဲများတွင် ရှုံးပွဲလုံးဝမရှိခဲ့သူ မေဝယ်သာ(၄၅ နှစ်)သည် ၂၀၁၇ ခုနှစ်က သူ၏နောက်ဆုံးပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲအဖြစ် မက်ဂရီဂေါ်နှင့်ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။

အနားယူပြီးကတည်းက သရုပ်ပြလက်ဝှေ့ပွဲများသာ ထိုးသတ်နေသည့် မေဝယ်သာသည် မက်ဂရီဂေါ်နှင့် ထပ်မံထိုးသတ်ရန် ဆွေးနွေးသွားမည်ဟုလည်း အတည်ပြုခဲ့သည်။

”ဒီပွဲက သရုပ်ပြပွဲလား၊ အစစ် အမှန်လက်ဝှေ့ပွဲလားဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်ကတော့ သရုပ်ပြပွဲပဲ ထိုးလိုပါတယ်”ဟု မေဝယ်သာက ဗြိတိန်သတင်းစာ Daily Mail သို့ ပြောကြားခဲ့သည်။

မေဝယ်သာသည် မက်ဂရီဂေါ်နှင့် မ ကျေပွဲကို အမေရိကန်တွင် ထိုးသတ်လိုပြီး NFL ကလပ် Las Vegas Raiders အသင်း၏အိမ်ကွင်းဖြစ်သည့် Allegiant Stadium ကွင်းဖြစ်ဖွယ် ရှိသည်ဟုလည်း အဆိုပြုခဲ့သည်။

လက်ဝှေ့သမားဘဝတွင် ပွဲ(၅၀)ထိုးသတ်ရာ၌ ရာနှုန်းပြည့်အနိုင်ရရှိခဲ့သူ မေဝယ်သာအနေဖြင့် လာမည့် စက်တင်ဘာလ(၂၅)ရက်တွင် ဂျပန်နိုင်ငံရှိ Saitama Super Arenaတွင် ဂျပန် MMAအားကစားသမားနှင့် YouTuber မီကူရူအဆာကူရနှင့် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments