Monday, February 9, 2026
spot_img
spot_img

ရော်နယ်ဒိုကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့ဖူးကြောင်း ဖွင့်ဟရင်း အသင်းဖော် နှစ်ဦးအပေါ် မှတ်ချက်ပေးလိုက်တဲ့ အဲရစ်ဆင်

ခရစ္စတီယံ အဲရစ်ဆင် ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့သူဖြစ်ပြီး ရော်နယ်ဒို အသင်းမှ မထွက်ခွာမီ ရာသီဝက် အထိ တိုက်စစ်မှူး ဖြစ်သူ နဲ့ အတူ တွဲဖက် ကစားခွင့် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။

တကယ်တော့ အဲရစ်ဆင် ဆိုတာ ဖရီးကစ် ကန်သွင်းတာ ကောင်းမွန်သူ တစ်ဦး ဖြစ်တာကြောင့် ဖရီးကစ်တိုင်း ကန်ခွင့်ရရှိခဲ့တဲ့ အသင်းဖော် ရော်နယ်ဒို နဲ့ ဖရီးကစ် ကန်ခွင့်ရရှိိတဲ့ အချိန်တွေမှာ သူကန်မယ် ၊ ငါကန်မယ် ဆိုပြီး ငြင်းခုံခဲ့ရတာမျိုး ရှိခဲ့ဖူးပါတယ် ။

အခုတော့ အသက် 31 နှစ် အရွယ် ရှိနေခဲ့ပြီ ဖြစ်တဲ့ ဒိန်းမတ်သား က အသင်းမှာ ဖရီးကစ် ကန်သွင်းတာ ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေကြောင်း ၊ ခံစားချက််ကောင်းသူဟာ ဖရီးကစ် ကန်ခွင့်ရတတ်ကြောင်း ၊ ရော်နယ်ဒို ကို မပျော်မရွှင် ဖြစ်စေခဲ့ဖူးကြောင်း ဖွင့်ဟခဲ့လိုက် ပါတယ် ။

” အခုတောင် ကျွန်တော်တို့ အသင်းမှာ ဖရီးကစ် ကန်သွင််းသူတွေ အများကြီး ရှိနေကြပါသေးတယ် ။ အကယ်လို့ ခင်ဗျားဟာ ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေတဲ့ ရက်စွဲ တစ်ခုကို ပိုင်ဆိုင်ရတယ်ဆိုရင် ဖရီးကစ် ကန်ခွင့် ရလိုက်မှာပါပဲ ” လို့ အဲရစ်ဆင် က အိုဝင် ဟားဂရေ့ဗ် ကို ပြောရင်း ရော်နယ်ဒို နဲ့ ပတ်သက်လို့…

” ရော်နယ်ဒို အစား ကျွန်တော် ဖရီးကစ် ကန်ခဲ့ဖူးပါတယ် ။ သူ့ကို ကြည့်ရတာ အဲ့ဒီအချိန်မှာ မပျော်မရွှင် ဖြစ်နေခဲ့ပုံပါပဲ ။ အခုလည်း အသင်းမှာ ဖရီးကစ် ကန်သွင်းသူ 3 ဦးအထိ ရှိနေပါသေးတယ် ။ ကျွန်တော် ၊ ဘရူနို နဲ့ ရပ်ရှ်ဖို့ တို့ပေါ့ဗျာ ”

” လက်ရှိ အချိန်မှာတော့ နောက်ဆုံး ဖရီးကစ်ကို တစ်ဦး ကန်ခဲ့ရင် နောက်တစ်လုံး ရတဲ့အခါ နောက်တစ်ယောက် ကန်ရမယ်လို့ ကျွန်တော်တို့ အချင်းချင်း သတ်မှတ်ထားတာပါပဲ ” လို့ အဲရစ်ဆင် က ပြောခဲ့လိုက်ပြီး ကာစီမီရို ၊ ဘရူနို တို့နဲ့ အချိတ်အဆက်မိအောင် ကစားတဲ့အပေါ်…

” ကျွန်တော်တို့ဟာ ပထမဆုံး ရက်စွဲကတည်းက အလျင်မြန်ဆုံး အချိတ်အဆက်် မိခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့က ခြားနားတဲ့ ကစားသမား 3 ယောက်ပါ ။ ဒါပေမဲ့ သုံးယောက်လုံး ဘောလုံးကိုင် ကစားရမှာကို မကြောက်ရွံ့တတ်ကြပါဘူး ”

” ကျွန်တော်တို့ဟာ ဘောလုံးကိုင်ဖို့ ၊ ထင်မှတ်မထားတဲ့ ပေးပို့မှုတွေ လုပ်ဆောင်ဖို့ ၊ အခွင့်အရေးတွေ ဖန်တီးကြဖို့ တွန့်ဆုတ် မနေတတ်ကြပါဘူး ” လို့ အဲရစ်ဆင် က ကွင်းလယ်ပိုင်း အသင်းဖော် နှစ်ဦးကို ချီးကျူးသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments