ဆန်းဒါးလန်း အသင်းရဲ့ နည်းပြ ဖြစ်သူ တိုနီ မော်ဘရေး က မန်ချက်စတာ ယူနိုက်တက် အသင်းမှ အငှား လာရောက်် ကစားနေခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အာမတ် ဒီယာလိုရဲ့ အထင်ကြီးဖွယ်ကောင်းလှတဲ့ အရည််အသွေး သုံးခုကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက်ပါတယ် ။
ယူနိုက်တက် ကြယ်ပွင့် အာမတ် ဒီယာလိုဟာ ဒီရာသီမှာ ဆန်းဒါးလန်း အသင်း အတွက် 35 ကြိမ် အထိ ကစားခွင့် ရရှိခဲ့ပြီး 11 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါပြီ ။ ဒါ့အပြင် သူဟာ ဂိုးဖန်တီးမှုလည်း သုံးကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ် ။
သူဟာ ဆန်းဒါးလန်း တို့ ဟားလ် စီးတီး အသင်းနဲ့ တစ်ဖက်် 4 ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဥ်မှာ 2 ဂိုးလည်း သွင်းယူနိုင်ခဲ့ပါသေးတယ် ။ အခုတော့ ဆန်းဒါးလန်း တို့ဟာ ကာဒစ်ဖ် ကို အနိုင် ကစားပြီး play-off ကစားခွင့် ရရှိနိုင်ဖို့ အခွင့်အလမ်း ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ် ။

အဆိုပါအသင်းမှာတော့ ဒီယာလိုဟာ အရေးပါသူ တစ်ဦး အဖြစ် ရှိနေခဲ့ရပါတယ် ။ အခုတော့ ဆန်းဒါးလန်း အသင််းရဲ့ နည်းပြ ဖြစ်သူ တိုနီ မော်ဘရေး က ဒီယာလို ရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူးရင်း ပါရမီထူးသူ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ် ။
” နိုင်ငံတကာ ပွဲစဥ်တွေအပြီး သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် မြင်တွေ့ရဖို့ တစ်ပါတ်လောက် စောင့်ရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ် ။ သူဟာ မှန်ကန်တဲ့ ပေးပို့မှု ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ၊ ဘောလုံး လမ်းကြောင်းကို တွက်ဆတာတွေမှာ ထူးကဲတဲ့ ကစားသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ် ”

” ဒီအသင်းအတွက်တော့ လူငယ် ကစားသမားလေးတွေကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ အခွင့်အရေးပေးရတာက အရေးပါလှပါတယ် ။ ဒီမှာတော့ သူက သူ့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ဖြစ်အောင် ထုတ်ပြနေနိုင်ခဲ့ပါတယ် ” လို့ တိုနီ မော်ဘရေး က ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
ကစားသမား ဖြစ်သူ ကိုယ်တိုင်ကတော့ ကာဒစ်ဖ် နဲ့ နိုင်ပွဲ အပြီးမှာ သူဟာ ပရီးမီးယားလိဂ် ဆီ အကောင်းဆုံး ပြန််လာဖို့ တွေးတောနေကြောင်း ၊ သူ့ရဲ့ ပါရမီတွေကို ထုတ််ပြရင်း မန်ချက်စတာ ယူနိုက်တက် အတွက် ပုံမှန် ကစားပေးလိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်လိုကြောင်း ဖွင့်ဟခဲ့ပါသေးတယ် ။







