Tuesday, January 20, 2026
spot_img
spot_img

မိမိတို့အသင်း၏ အဓိကရည်မှန်းချက်မှာ စီးရီးအေချန်ပီယံဆုကို ရယူရန်ဖြစ်သည်ဟု အင်တာမီလန်နည်းပြ အင်ဇာဂီ ပြောကြား

အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ရာသီသစ်အတွက် မိမိတို့အသင်း၏ အဓိကရည်မှန်းချက်မှာ စီးရီးအေချန်ပီယံဆုကို ရယူရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေချန်ပီယံဆုကို ရယူပြီးနောက် ၂၀၂၁-၂၂ ရာသီတွင် ဒုတိယနှင့် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် တတိယသာ ရရှိခဲ့သည်။

သို့သော် အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဆီမြွန်နီအင်ဇာဂီက လာမည့်ရာသီသစ်တွင် ဥရောပအောင်မြင်မှုများ ရယူလိုသလို၊ စီးရီးအေချန်ပီယံကိုလည်း ရယူရန် အဓိကပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ”ကျွန်တော်တို့ ဥရောပမှာလည်း အောင်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒါက အရမ်းခက်မှာပါ။ ရာသီသစ်မှာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က စီးရီးအေချန်ပီယံဆုကို ရယူဖို့ပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်နေပါတယ်”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments