Saturday, February 7, 2026
spot_img
spot_img

မားကပ်စ်ရပ်ရှ်ဖိုဒ်ထက် ဝင်ငွေပိုရသော ပရီးမီးယားလိဂ် ကစားသမား ၂၀

မားကပ်စ်ရပ်ရှ်ဖိုဒ်သည် လက်ရှိမန်ချက်စတာယူနိုက်တက်အတွက် ၎င်း၏အအောင်မြင်ဆုံးရာသီကို ပျော်ရွှင်စွာကစားနေသော်လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကစားသမား ၂၀ ဦးခန့်သည် သူ့ထက် ဝင်ငွေပိုမိုရရှိနေသည်။

အသက် ၂၅ နှစ်ရှိ ကစားသမားသည် ပြိုင်ပွဲအရပ်ရပ်မှာ ၂၈ ဂိုး သွင်းယူထားပြီး ယခင်ရာသီကထက် ၂၃ ဂိုး ပိုများပါသည်။ နည်းပြအဲရစ်တန်ဟက်ဂ် သည် ရပ်ရှ်ဖိုဒ် ကို ဗဟိုပြု၍ သူ၏အသင်းကိုတည်စီစဥ်လာခဲ့ပြီး ယခုတွင် တိုက်စစ်မှူးသည် တိုးတက်နေပြီဖြစ်သည်။

သူသည် တန်ဟက်ဂ် လက်အောက်တွင် မန်ယူ၏လိဂ်ဂိုး ၃၄% ကို သွင်းယူခဲ့ပြီး ယခုရာသီ ပြန်လည်တည်ဆောက်မှုတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားကတည်းက ရပ်ရှ်ဖိုဒ်သည် အရှိန်အဟုန်မြှင့်ရသောသူ ဖြစ်လာခဲ့ပါသည်။ မန်ယူတွင် သူ၏လက်ရှိစာချုပ်သည် ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမှာဖြစ်ပြီး အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုရန် စိတ်အားထက်သန်နေပါသည်။

အဲဗာတန်နှင့် ကစားခဲ့သည့် ဒုတိယပိုင်းမှာတော့ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူးကို လူစားလဲခဲ့ပါသည်။ မနိယူပရိသတ်တွေက သူတိုရဲ့ ကြယ်ပွင့်ကစားသမားကို အချိန်အကြာကြီး မလှုပ်ရှားနိုင်မဖြစ်စေရန် မျှော်လင့်နေပါလိမ့်မည်။ မန်ယူနှင့် ရပ်ရှ်ဖိုဒ်၏လက်ရှိစာချုပ်သည် တစ်ပတ်ကို ပေါင် ၂၀၀,၀၀၀ တန်ကြေးရှိသည်ဟု သိရပါသည်။

ရပ်ရှ်ဖိုဒ်ထက် ပိုဝင်ငွေရှိသော ပရီးမီးယားလိဂ် ကစားသမား ၂၀ ရှိပြီး အဲဒီထဲက ခြောက်ယောက်က မန်ယူအတွက် ကစားနေတာ ဖြစ်ပါသည်။ ရက်ရှ်ဖိုဒ်ထက် ဝင်ငွေပိုနေသော ပရီးမီးယားလိဂ်ကြယ်ပွင့် ၂၀ ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

၂၀။ မာဆဲလ် ဆဘစ်ဇာ – ပေါင် ၂၁၀,၀၀၀
၁၉။ Virgil van Dijk – ပေါင် ၂၂၀,၀၀၀
၁၈။ ရိုဒရီ – ပေါင် ၂၂၀,၀၀၀
၁၇။ Phil Foden – ပေါင် ၂၂၅,၀၀၀
၁၆။ ဘရူနို ဖာနန်ဒက်စ် – ပေါင် ၂၄၀,၀၀၀
၁၅။ ဂျွန်စတုန်းစ် – ပေါင် ၂၅၀,၀၀၀
၁၄။ ရီးစ်ဂျိမ်းစ် – ပေါင် ၂၅၀,၀၀၀
၁၃။ အန်သိုနီမာရှယ် – ပေါင် ၂၅၀,၀၀၀
၁၂။ ဂါဘရီယယ် ဂျီးဆပ် – ပေါင် ၂၆၅,၀၀၀
၁၁။ N’Golo Kante – ပေါင် ၂၉၀,၀၀၀
၁၀။ Kalidou Koulibaly – ပေါင် ၂၉၅,၀၀၀
၉။ ဂျက် ဂရေးလစ်ရှ် – ပေါင် ၃၀၀,၀၀၀
၈။ ရာဟင် စတာလင် – ပေါင် ၃၂၅၀,၀၀၀
၇။ ရာဖေးလ် ဗာရိန်း – ပေါင် ၃၄၀,၀၀၀
၆။ ဂျေဒန် ဆန်ချို – ပေါင် ၃၅၀,၀၀၀
၅။ ကာစီမီရို – ပေါင် ၃၅၀,၀၀၀
၄။ မိုဟာမက် ဆာလာ – ပေါင် ၃၅၀,၀၀၀
၃။ ဒေးဗစ် ဒီဂီယာ – ပေါင် ၃၇၅,၀၀၀
၂။ အာလင် ဟာလန်း – ပေါင် ၃၇၅,၀၀၀
၁။ ကယ်ဗင်ဒီဘရိုင်း – ပေါင် ၄၀၀,၀၀၀

သီယာဂို၊ သောမတ်စ်ပါတေး၊ အန်ထော်နီ၊ ဝေစလေဖူဖာနာနှင့် ဟယ်ရီကိန်း စသည့် ပရီးမီးယားလိဂ်ကြယ်ပွင့်ငါးဦးသည်လည်း ရက်ရှ်ဖိုဒ်ကဲ့သိုပင် တစ်ပတ်လျှင် ပေါင် ၂၀၀,၀၀၀ ရရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments