Wednesday, February 11, 2026
spot_img
spot_img

မန်ယူ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် အသင်းနှင့် နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

မန်ယူလူငယ် တိုက်စစ်မှူးတစ်ဦးဖြစ်သူ မာဆန်ဂရင်းဝုဒ် သည် အသင်းနှင့်နှစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ရာ လာမည့် ၂၀၂၅ ခုနှစ် ဇွန်လအထိ ပါဝင်ကစားတော့မည်ဖြစ်ကြောင်း ဘီဘီစီက ဆိုသည်။

အသက်(၁၉)နှစ်အရွယ် ဂရင်းဝုဒ်သည် ၂၀၂၀ စက်တင်ဘာက အင်္ဂလန် လက်ရွေးစင်အသင်းနှင့် ပထမဆုံးကစားခွင့် ရခဲ့သူဖြစ်ပြီး မန်ယူနှင့် စာချုပ်အရ ၂၀၂၃ ခုနှစ်ဇွန်လအထိ သက်တမ်းရှိနေသူဖြစ်သည်။ ဂရင်းဝုဒ်သည် မန်ယူလူငယ် အကယ်ဒမီထွက် ကစားသမားတစ်ဦးလည်းဖြစ်ပြီး အသက်ခုနစ်နှစ်အရွယ်ကပင် မန်ယူသို့ရောက်ရှိနေသူဖြစ်သည်။ ဂရင်းဝုဒ်သည် ယခုနှစ်ဘောလုံးရာသီတွင် မန်ယူနှင့် ၁၈ ပွဲ ပွဲထွက်ကစားခွင့်ရထားရာ လေးဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် မန်ယူအသင်း ကိုယ်စားပြု၍ စုစုပေါင်း ၈၂ ပွဲကစားထားရာ ၂၁ ဂိုးသွင်းယူထားကြောင်း သိရသည်။

မန်ယူနည်းပြဆိုးလ်ရှားသည် ၂၀၁၉ ခုနှစ် မတ်လက ဂရင်းဝုဒ်အား ပထမအသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ပေး ခဲ့သည်။ ထိုစဉ်က ဂရင်းဝုဒ်မှာ အသက်( ၁၇)နှစ် ၁၅၆ ရက်ဖြင့် မန်ယူအတွက် ပထမဆုံးကစားခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ ဂရင်းဝုဒ်က” အသက်ခုနစ်နှစ်မှာ ဒီကိုရောက်တယ်။ တစ်နေ့နေ့မှာ အသင်းကြီးအတွက် ကစားရမယ်လို့ အိပ်မက်တွေရှိခဲ့ပါတယ်။ အဲဒီအဆင့်ကိုရောက်ဖို့ ကျွန်တော် အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တာက ကျွန်တော့်အတွက်ထူးကဲခဲ့ပါတယ်”ဟု ပြောသည်။ ဂရင်းဝုဒ်သည် မန်ယူနှင့်စာချုပ်သစ်အရ သက်တမ်းကုန်ဆုံးပါက ထပ်မံသက်တမ်း တိုးနိုင်မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments