Tuesday, January 20, 2026
spot_img
spot_img

မန်ယူအသင်းသည် တန်ဟက်ဂ် မကိုင်တွယ်မီ အချိန်အတော်ကြာ စည်းကမ်းပိုင်းလျော့ရဲခဲ့ကြောင်း ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေဖြင့် နည်းပြသစ်ဖြစ်သူ အဲရစ်တန်ဟက်ဂ် မကိုင်တွယ်မီအထိ အချိန်အတော်ကြာ စည်းကမ်းပိုင်းလျော့ရဲခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။

ဒတ်ချ်နည်းပြ တန်ဟက်ဂ် (၅၂ နှစ်)သည် မန်ယူအသင်းနည်းပြအဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရပြီး တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့် အချက်လည်း ထည့်သွင်းချုပ်ဆိုထားသည်။

တန်ဟက်ဂ်သည် ဇွန် ၂၇ ရက်မှစတင်ကာ မန်ယူအသင်းအား တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ရာသီကြိုခြေစမ်းပွဲအဖြစ် ထိုင်းနိုင်ငံ၌ လီဗာပူးလ်အသင်းအား (၄-၀) ဂိုး၊ သြစတြေးလျနိုင်ငံ၌ မဲလ်ဘုန်းဗစ်ထရီအသင်းအား (၄-၁) ဂိုး၊ ခရစ္စတယ်ပဲလေ့စ်အသင်းအား (၃-၁) ဂိုးဖြင့် သုံးပွဲစလုံး ဂိုးပြတ်အနိုင်ရထားသည်။

နည်းပြသစ် တန်ဟက်ဂ်၏ စည်းကမ်းပိုင်းတင်းကျပ်မှုနှင့်ပတ်သက်၍ ဘရူနိုဖာနန်ဒက်စ်က ”အဲဒီအရာကို အချိန်အတော်ကြာ ကျွန်တော်တို့ လိုအပ်နေခဲ့တာပါ။ စည်းကမ်းဆိုတာ အရေးကြီးပါတယ်။ စည်းကမ်းဆိုတာ ကစားပုံတစ်ခုတည်း မဟုတ်ဘဲ ကိုယ့်ရဲ့နေရာ၊ ကိုယ် ဘာလုပ်ရမလဲဆိုတာအပေါ် မူတည်သလို ကွင်းပြင်ပနေထိုင်မှုအတွက်လည်း အရေးကြီးပါတယ်။ အစည်းအဝေးပွဲတွေကို နောက်မကျစေနဲ့၊ အစားအသောက်စားဖို့ နောက်မကျစေနဲ့ ဆိုတာတွေက တကယ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အချိန်မှန်နေပြီး တစ်စုံတစ်ဦးက နောက်ကျနေရင် အဲဒီသူက အပြစ်ပေးခံရသင့်တယ်။ သူ (တန်ဟက်ဂ်) အဲဒီလိုလုပ်တာ အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကလည်း အချိန်မှန်လုပ်ရတာကို သဘောကျလို့ပါ။ ဒီစည်းကမ်းတွေနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြဿနာမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments