Tuesday, January 20, 2026
spot_img
spot_img

မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ဂိုးသမား ဒီဟေးယား ယုံကြည်နေ

မန်ယူဂိုးသမား ဒီဟေးယားက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ ဖရက်ဒ်၊ နောက်ခံလူများဖြစ်သည့် လုခ်ရှောနှင့် ဒါလော့တို့ကို စာချုပ်ပါ အချက်အလက်များအရ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်။

သို့သော် မန်ယူအသင်းအနေဖြင့် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယား(၃၂ နှစ်)ကို စာချုပ်သစ်ချုပ်ဆိုခြင်း မရှိသေးပေ။

မန်ယူအသင်းသည် တစ်ပတ်လစာ ပေါင် (၃၇၅၀၀၀)အထိ ပေးချေနေရသည့် ဒီဟေးယားကို စာချုပ်သက်တမ်းတိုးရန် လက်တွန့်နေခြင်းဖြစ်သည်။

သို့သော် ဒီဟေးယားက ”စာချုပ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ အေးဆေးပါပဲ။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ စာချုပ်ကိစ္စက ကောင်းတဲ့နည်းလမ်းနဲ့ အဆုံးသတ်ပါလိမ့်မယ်။ အဲဒီလိုဖြစ်လာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီဟေးယားသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ ပေါင် (၁၈.၉)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

၎င်းသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၁၀)ကစားထားပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ် (၁)ကြိမ်အပါအဝင် ဆုဖလား (၇)လုံး ရယူထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments