Tuesday, January 20, 2026
spot_img
spot_img

မန်ယူအသင်းတွင် စီရော်နယ်လ်ဒို၏လုပ်ဆောင်ခဲ့မှုများအပေါ် ရပ်ရှ်ဖို့ဒ် ကျေးဇူးတင်စကားဆို

မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးဖြစ်သည့် တိုက်စစ်မှူး စီရော်နယ်လ်ဒို အသင်းတွင်ရှိစဉ် လုပ်ဆောင်ပေးခဲ့သည့်အရာများအတွက် ကျေးဇူးတင်ရှိကြောင်း အသင်းဖော်ဟောင်းဖြစ်သူ ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက သူ၏စံပြပုဂ္ဂိုလ်ဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် အတူတွဲကစားခဲ့ရသည်မှာ မယုံကြည်နိုင်စရာကောင်းသည့် အတွေ့အကြုံတစ်ခုဟုလည်း မှတ်ချက်ပြုခဲ့သည်။

”သူနဲ့အတူ တွဲကစားခဲ့ရလို့ မယုံကြည်နိုင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ရရှိခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး အမြဲတမ်း ငေးမောကြည့်ရတဲ့ အရေးပါသူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူ အကောင်းဆုံးတွေဖြစ်လာဖို့ ကျွန်တော် ဆန္ဒပြုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် သူ လုပ်ဆောင်ခဲ့ပြီးတဲ့ အရာတွေအတွက်လည်း ကျေးဇူးတင်စကား ပြောကြားလိုပါတယ်”ဟု ရပ်ရှ်ဖို့ဒ်က ဖြေကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နှစ်က အသင်းသို့ ပြန်လည်ရောက်ရှိလာပြီး (၂၄)ဂိုးသွင်းယူကာ PFA အကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့သော်လည်း နည်းပြ တန်ဟက်ဂ်လက်ထက်တွင် ပုံမှန်နေရာပျောက်ကာ အဆိုးရွားဆုံးအခြေအနေနှင့် လမ်းခွဲခဲ့ရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်သည် ယခုရာသီတွင် စီရော်နယ်လ်ဒိုထက် မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့ကို ပိုမိုအားထားခဲ့ပြီး ရပ်ရှ်ဖို့ဒ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့သည်။

မန်ယူအသင်းနှင့်အတူ ယခုရာသီတွင် ခြေစွမ်းပြနိုင်မှုကြောင့် ရပ်ရှ်ဖို့ဒ်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်လာခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments