Wednesday, February 11, 2026
spot_img
spot_img

မန်ယူသည် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင်သေချာပေါက်ပါဝင်လာပြီဖြစ်ကြောင်း ရက်ရှ်ဖို့ ပြောဆို

တနင်္ဂနွေနေ့ညက အိုးထရက်ဖို့တွင် လက်စတာကို ၃-၀ ဖြင့်အနိုင်ရရှိသော ပွဲတွင် ရက်ရှ်ဖို့သည် အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ မန်ယူသည် ၂၄ ပွဲကစား ၄၉ မှတ်ဖြင့်အာဆင်နယ်နှင့် ၅ မှတ်အကွာ မန်စီးတီးနှင့် ၂ မှတ်အကွာ အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

ဥရောပတွင်  ကြောက်စရာ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နေသူဟု ဘာဆာနည်းပြချုပ် ဇာဗီးက ထုတ်ဖော်ပြောဆိုထားသော ရက်ရှ်ဖို့က မန်ယူ၏ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်း အခြေအနေကို လက်စတာနှင့် ပွဲအပြီးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ရက်ရှ်ဖို့က မန်ယူသည် ရှေ့မှနှစ်သင်းဖြစ်သော အာဆင်နယ် မန်စီးတီးတို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် ပါဝင်လာပြီဆိုသည်မှာ သေချာနေကြောင်း ထုတ်ပြောလိုက်သည်။

လက်စတာနှင့်ပွဲတွင် ပွဲချိန် ၂၅ မိနစ်နှင့် ၅၆ မိနစ်တို့တွင် ရက်ရှ်ဖို့ကနှစ်ဂိုးနှင့် ပွဲချိန် ၆၁ မိနစ်တွင် ဆန်ချိုက တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့က “ကျွန်တော်တို့ ဒီလိုအခြေအနေမှာဆိုရင် အမှတ်ပေးချန်ပီယံပြေးလမ်းထဲပါလာပြီ ဆိုတာရှင်းနေတာပါပဲ။ ဒီအခြေအနေရောက်နေပါပြီ။ ကျွန်တော်တို့ ရှေ့မှာရှိနေတဲ့ နှစ်သင်းကလည်း အကောင်းဆုံး ဘောလုံးခြေစွမ်းတွေပြနေတယ် ဆိုတာလည်း သေချာပါတယ်”ဟု ရက်ရှ်ဖို့က ပြောသည်။

ထိုပွဲတွင် ဂိုးသမားဒဟေးယားသည် လက်စတာဘက်မှ ဂိုးသွင်းရန် ကြိုးစားမှုနှစ်ကြိမ်ကို အကောင်းဆုံး ကာကွယ်ပြခဲ့ပြီး ၎င်း၏လက်စွမ်းကိုလည်း ရက်ရှ်ဖို့က ချီးမွမ်းပြောဆိုလိုက်သည်။ “လက်စတာက အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး ဒဟေးယားက နှစ်ကြိမ်လောက် ကောင်းကောင်းကာကွယ် ပြသွားပါတယ်။ သူလက်စွမ်းမပြရင် ဒီပွဲမှာ အခုလိုအနိုင်ရဖို့ မလွယ်ပါဘူး”ဟု ရက်ရှ်ဖို့က ပြောဆိုလိုက်ည်။ ရက်ရှ်ဖို့သည် မန်ယူအတွက် ပြိုင်ပွဲစုံ ၂၄ ဂ်ိုးလက်ရှိဘောလုံးရာသီတွင် သွင်းယူထားသည်။

မန်ယူသည် လာမည့် ကြာသပတေးနေ့တွင် ဘာစီလိုနာနှင့် ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကို အိုးထရက်ဖို့တွင် ကစားရန်ရှိနေသလို တနင်္ဂနွေနေ့တွင်လည်း နယူးကာဆယ်နှင့် ဝင်ဘလေတွင် ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားရန်ရှိနေသည်။

“ပရီးမီးယားလိဂ် ဘောလုံးရာသီအဆုံးသတ်ဖို့ကတော့ အဝေးကြီးလိုနေပါသေးတယ်။ ကျွန်တော်တို့ လာမယ့်တစ်ပတ်မှ အရေးကြီး ပွဲစဉ်နှစ်ပွဲကစားရဖို့ ရှိနေပါတယ်။ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့် တက်ချင်သလို နယူးကာဆယ်နဲ့ပွဲကလည်း အရေးကြီးတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ မန်ယူအသင်းသားတွေအနေနဲ့  ဒီပွဲတွေကို အာရုံစိုက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ကစားရတာကောင်းနေပြီးနှေးကွေးသွားစရာ အကြောင်းမရှိပါဘူး”ဟု ရက်ရှ်ဖို့က ဆက်လက်ပြောဆိုသည်။

မန်ယူမန်နေဂျာ တန်းဟက်ကမူ ယခုနှ ဖေဖော်ဝါရီသာရှိသေးကြောင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ပတ်သက်၍ ပြောရန်စောလွန်းကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “အမြဲတမ်းခြေစွမ််းကောင်းနေဖို့ပဲ အခုအချိန်မှာ အာရုံစိုက်နေရမယ်။ ဖေဖော်ဝါရီပဲ ရှိနေပါသေးတယ်။ သိပ်ပြီးအဝေးကြီးကို မျှော်ကြည့်နေလို့လည်း မရဘူးလေ။ အသင်းသားအားလုံး အကောင်းဆုံးပုံစံရနေဖို့ လိုအပ်နေပါတယ်။ ပြီးတော့ မန်ယူရဲ့ အခြေခံကစားကွကိုလည်း မပျက်မကွက်နားလည်လိုက်နာရမယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments