Tuesday, January 20, 2026
spot_img
spot_img

မန်ယူနိုက်တက်နဲ့ လိဒ်တို့ကို ကျော်ကာ ဂတ်ပိုကို လီဗာပူးတို့ ခေါ်ယူသွားနိုင်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တဲ့ မာဆယ်ဘရန်း

လီဗာပူးဟာ ယနေ့မနက် အစောပိုင်းက နယ်သာလန် လက်ရွေးစင် ကိုဒီဂတ်ပိုကို PSV ကနေ ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကာ အသက် ၂၃ နှစ်အရွယ် ဂတ်ပိုဟာ ယူကေမှာ ဆေးစစ်မှုအောင်မြင်တာနဲ့ ယခုတစ်ပတ် နှောင်းပိုင်းမှာ လီဗာပူးနဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ လူးဝစ်ဒီယက် နဲ့ ဒီယိုဂိုဂျိူတာ တို့ရဲ့ ကာလရှည်ဒဏ်ရာတွေကြောင့် တိုက်စစ်ပိုင်းမှာ ရွေးချယ်မှု နည်းပါးနေကာ ဒီအတွက်ကြောင့်ပဲ အပြောင်းအရွေ့ ‌ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဂတ်ပိုကို မန်ချက်စတာယူနိုက်တက် ဆောက်သမ်တန် လိဒ် တို့က စိတ်ဝင်စားနေကြပေမယ့်လည်း ဘရန်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အတွက် ၅ ပွဲကစား ၃ ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်ပိုအတွက်လည်း လီဗာပူးဟာ ကောင်းမွန်တဲ့ နေရာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments