Saturday, February 7, 2026
spot_img
spot_img

မန်စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် – ချန်ပီယံလိဂ်တွင် သောမတ်စ်တူချယ်လ်၏အသင်း ရှုးနိမ့်ပြီး ဟာလန်း ဂိုသွင်း

ဧပြီ ၁၂ က မန်ချက်စတာစီးတီးအသင်းသည် သူတို၏အိမ်ကွင်း အီတီဟတ်မှာ ဘိုင်ယန်မြူးနစ်ကို ၃-၀ နှင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို ရောက်ရှိရန် ခြေလှမ်းကြီးတက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါပထမအကျော့ပွဲစဥ်တွင် ဘိုင်ယန်မြူးနစ်က ချေပဂိုးပြန်သွင်းခွင့်ရရန် ကြိုးပမ်းခဲ့ပေမဲ့ နည်းပြ သောမတ်စ်တူချယ်၏အသင်းအတွက် ဆိုးရွားသော လှည့်ဖြားမှုကတော့ စီးတီးက ပွဲကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ခြင်းပဲ ဖြစ်သည်။

ယင်းသည် နည်းပြ ပက်ဂွာဒီယိုလာ၏အသင်းအား ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်ရန် အခိုင်အမာ ဆက်လက်ရှိနေစေမည်ဖြစ်သည်။

မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်တွင် ရိုဒရီ က သွင်းခဲ့ကာ ဘိုင်ယန် က ဒုတိယပိုင်းအစောပိုင်းတွင် ကောင်းကောင်းတုံပြန်ခဲ့သော်လည်း ဆေးလ်ဗား က ၇၀ မိနစ်တွင် စီးတီးအတွက် ဒုတိယဂိုးကို သွင်း ပေးခဲ့ပြီး ဟာလန်း က ၇၆ မိနစ်တွင် တတိယဂိုးကို ကန်သွင်းခဲ့ခြင်းဖြစ်သည်။

အာလင် ဟာလန်း၏ ထိုဂိုးသည် ယခုရာသီအတွက် ၄၅ ဂိုးမြောက် ဂိုးဖြစ်ပြီး မိုဟာမက် ဆာလာ နှင့် နစ်စတယ်ရွိင်း တိုကို သာလွန်၍ ပြိုင်ပွဲအားလုံးတွင် အခြားပရီးမီးယားလိဂ်ကစားသမားအားလုံးထက် အများဆုံးဂိုးအရေအတွက်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments