PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် ဟာ မန်စီးတီး အသင်း နဲ့ ပွဲ နောက်ဆုံး မိနစ်မှာ လီဗာပူး အသင်းဘက်ကို ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက် ဟာ မှန်ကန် ခဲ့ကြောင်း ထောက်ခံ ပြောကြား လိုက်ပါတယ် ။
ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက ကစားခဲ့တဲ့ လီဗာပူး အသင်း နှင့် မန်ချက်စတာ စီးတီး အသင်းတို့ရဲ့ ပွဲမှာ အငြင်းပွား စရာ ဖြစ်ရပ် အချို့ ရှိခဲ့ပြီး ၊ ပွဲပြီးခါနီး မှာ ပင်နယ်တီ ဧရိယာ အတွင်း မက်ကာလစ်စတာ ကို ဒိုကူ ခြေထောက်မြှောက်ပြီး ပြစ်ဒဏ် ကျူးလွန် ခဲ့ပေမယ့် ကွင်းလယ် ဒိုင်လူကြီးအိုလီဗာ က ပင်နယ်တီ ပေးဖို့ ငြင်းဆန် ခဲ့တာ ဖြစ်ပါတယ် ။
Mic’d Up ရဲ့ နောက်ဆုံး episode မှာ PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် က အဆိုပါ ဖြစ်ရပ် အပေါ် ” ဒါနဲ့ အမြင်တွေကတော့ အမျိုးမျိုး ရှိကြတာပေါ့ဗျာ ။ ကွင်းထဲမှာ ဒိုင်လူကြီး ကသာ ပင်နယ်တီ ပေးလိုက်ရင် VAR ဘက်က Check complete လို့ ပြမှာ အသေအချာပါပဲ ၊ ဒိုင်လူကြီးက ပင်နယ်တီ မပေးဘူးဆိုရင်လည်း VAR ဘက်က Check complete ပြမှာပါပဲ ။ ”

” အိုလီဗာက ဘောလုံး က ကစားသမား နှစ်ဦးကြားမှာ ရှိနေခဲ့တယ်လို့ ပြောတာ ခင်ဗျားတို့လည်း ကြားလိုက်မှာပါ
။ ဘောလုံး က ခေါင်းတိုက် ဖို့လည်း အရမ်းနိမ့်လွန်းနေခဲ့ပါတယ် ၊ ဒိုကူ က ဘောလုံး ကို ထိဖို့ သူ့ခြေထောက်ကို မြှောက်ခဲ့တာ ဖြစ်ပြီး ဘောလုံးကိုလည်း ထိခဲ့ပါတယ် ။ နောက်ပြီး ဟုတ်ပါတယ် ၊ မက်ကာလစ်စတာကိုလည်း အနည်းငယ် ထိသွားခဲ့ပါတယ် ။ ”
” မက်ကာလစ်စတာက သူ့ဆီ ဝင်လာခဲ့တာပါ ။ မက်ကာလစ်စတာ က ဘောလုံးကို ကစားနေတဲ့သူလည်း မဟုတ်ပါဘူး ။ ဒါကြောင့် အမြင်တွေ ကွဲလွဲ နေကြတဲ့ အပေါ် ကျနော် နားလည် ပါတယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် VAR ဘက်က check complete ပြမှာပါပဲ ၊ မရှင်းလင်းတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် အပေါ် ပြန်လည် ဆန်းစစ်တာမျိုး VAR ဘက်က မလုပ်ချင်ပါဘူး။ ”
” ၁-၁ ဖြစ်နေတဲ့ အချိန်မှာ တိကျ သေချာတဲ့ အဖြေပဲ ပေးချင်ကြတာပါ ။ ရှင်းလင်းပြီး တိကျသေချာမှပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ကို ချနိုင်မှာပေ့ါဗျာ ။ မိုက်ကယ် အိုလီဗာ အနေနဲ့ လည်း ရှင်းရှင်းလင်းလင်း မတွေ့လိုက်သလို VAR ဘက်ကလည်း ကြည့်တော့ ရှင်းရှင်းလင်း ထင်ထင်ရှားရှား မရှိတဲ့ အနေအထား ဖြစ်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






