Tuesday, January 20, 2026
spot_img
spot_img

မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်းကို အမြဲအားပေးနေကြောင်း ဂွါဒီယိုလာ အရွှန်းဖောက်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်းကို အမြဲတမ်းအားပေးနေကြောင်း အရွှန်းဖောက် ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့နှင့် ယှဉ်ပြိုင်နေရပြီး ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ရန်အတွက် လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့ အမှတ်လျော့ရန် လိုအပ်နေသည်။

လီဗာပူးလ်အသင်းသည် ဧပြီလ (၇)ရက်(တနင်္ဂနွေနေ့) တွင် မန်ချက်စတာမြို့ခံ မန်ယူအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

အက်စတွန်ဗီလာနှင့် ကစားမည့် ပွဲမတိုင်မီပြုလုပ်သည့်  မန်စီးတီးအသင်း၏ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ယောက်က မန်ယူ-လီဗာပူးလ်ပွဲတွင် မန်ယူအသင်းကို အားပေးမည်လားဟု ဂွါဒီယိုလာကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းမေးခွန်းကို ဂွါဒီယိုလာက “ကျွန်တော်က မန်ယူအသင်းကို အမြဲတမ်းအားပေးနေတာပါ(ရယ်လျှက်)”ဟု ပြောကြားခဲ့သည်။

ယင်းနောက် ဂွါဒီယိုလာက ၎င်း၏စကားမှာ မှန်ကန်ခြင်းမရှိကြောင်းလည်း ပြောကြားခဲ့သည်။ “မန်ယူအသင်းကို အမြဲတမ်းအားပေးတယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာတော့ ဘာပဲဖြစ်ဖြစ် မန်ယူအသင်းကို အားပေးရမှာပါ”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် ယခုရာသီတွင် မန်ယူအသင်းကို အနိုင်မရသေးဘဲ သိပ်မကြာခင်က ကစားခဲ့သည့် FA ဖလားပွဲတွင် ရှုံးနိမ့်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments