Tuesday, January 20, 2026
spot_img
spot_img

မည်သည့်ပြိုင်ဘက်မဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက် ကြုံးဝါး

FAဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်က မိမိတို့အနေဖြင့် မည်သည့်ပြိုင်ဘက်မဆို အနိုင်ယူနိုင်စွမ်းရှိကြောင်းနှင့် အံ့အားသင့်ဖွယ်ရာများ လုပ်ဆောင်နိုင်မည့် ယုံကြည်မှုနှင့် စွမ်းအင်ရှိကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

”ဒါက အခိုက်အတန့်တစ်ခုဖြစ်နိုင်ပါတယ်။ ဒီအသင်းဆီမှာ အံ့သြဖို့ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ယုံကြည်မှုနဲ့ စွမ်းအင်ရှိပါတယ်။ လီဗာပူးလ်ကို အနိုင်ရပြီဆိုရင် ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ပထမပိုင်း ၃၅ မိနစ်မှာ ဒီအသင်းရဲ့ အနာဂတ်က အရမ်းတောက်ပနေတယ်ဆိုတာ ကျွန်တော်တို့ ထပ်ပြီးပြသနိုင်ခဲ့တယ်။ ဖြစ်နိုင်ခြေအလားအလာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က တစ်သမတ်တည်းဖြစ်ဖို့ လုပ်ရမှာပါ။ ပထမပိုင်း ၃၅ မိနစ်ကစားပုံက တကယ်ကျေနပ်စရာပါပဲ။ ကောင်းမွန်တဲ့ စရိုက်လက္ခဏာနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ ထပ်ပြီးတွေ့မြင်ခဲ့ရတယ်။ ကျွန်တော်တို့က ဒီရာသီမှာ အဆင်မပြေမှု အများကြီးရှိခဲ့ပြီး အချိန်တိုင်းမှာ ဒါကိုလိုက်လျောညီထွေ ဖြစ်အောင် လုပ်ရပါမယ်။ ဆောင်းဦးကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေထက် ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့သွားနေတဲ့ပုံစံအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမီလိုက်ရမှာတွေ ကျန်ပါသေးတယ်။ စပါးအသင်း ရှုံးနိမ့်ပြီး ဗီလာအသင်း ရမှတ်တွေလျော့နေတာ ကျွန်တော် ဝမ်းသာပါတယ်။ ဆီမီးဖိုင်နယ်တက်ရောက်နိုင်လို့လည်း ကျွန်တော်တို့ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်”ဟု ၎င်းက ပြောကြားသည်။

မန်ယူအသင်းအနေဖြင့် ကွာတားဖိုင်နယ်တွင် အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပိုနောက်ကျဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ အားအနည်းဆုံးပြိုင်ဘက်နှင့် တွေ့ဆုံနေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင်လည်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ကိုဗင်ထရီအသင်းမှာမူ FA ဖလားတွင်ဗိုလ်စွဲဖူးသည့် ၁၉၈၆-၁၉၈၇ ရာသီနောက်ပိုင်း ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments