Wednesday, January 14, 2026
spot_img
spot_img

ဘာပေကို တစ်ပတ်လစာပေါင်(၃)သန်းကျော်ဖြင့် အယ်လ်ဟီလယ်အသင်း ကမ်းလှမ်းပြီးနောက် ကစားသမားများ လစာတိုးတောင်းမည်ကို ပရီးမီးယားလိဂ်ကလပ်များစိုးရိမ်

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် PSG တိုက်စစ်မှူး ဘာပေအား ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက တစ်ပတ်လစာ ပေါင် (၃) သန်းကျော်ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ထိပ်တန်းကစားသမားများ လစာတိုးတောင်းလာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

PSG အသင်းသည် ၂၀၂၄ တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ထားသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေ(၂၄ နှစ်)အား ယခုနွေတွင် ရောင်းထုတ်လိုနေသည်။

ယခုအခါ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၂၅၉)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားသလို တစ်ပတ်လစာ ပေါင် (၃)သန်းကျော်ပေးမည်ဟု သတင်းထွက်နေသည်။


ပရီးမီးယားလိဂ် Big Six အသင်းများမှ တာဝန်ရှိသူများသည် ဘာပေ၏ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပါက ၎င်းတို့လိဂ်ရှိ ထိပ်တန်းကစားသမားများ လစာတိုးတောင်းလာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

လက်ရှိ၌ ပရီးမီးယားလိဂ်တွင် လစာအများဆုံးရရှိနေသူမှာ မန်စီးတီးတိုက်စစ်မှူး ဟော်လန်းဖြစ်ပြီး စံချိန်တင်သွင်းဂိုးများကြောင့် တစ်ပတ်လစာ ပေါင် (၉၀၀၀၀၀)နီးပါး ရရှိခဲ့ကြောင်း သိရသည်။

သို့သော် ယင်းလစာမှာ အယ်လ်ဟီလယ်တွင် ဘာပေရရှိမည့်လစာနှင့်နှိုင်းယှဉ်မည်ဆိုပါက များစွာနည်းပါးသွားမည်ဖြစ်သည်။


ထို့ကြောင့် ပရီးမီးယားလိဂ်ကလပ်များမှ တာဝန်ရှိသူများသည် ဆော်ဒီသို့ ဘာပေ ပြောင်းရွှေ့သွားမည်ကို ကြောက်နေကြသည်။

”အခုထိ ဆော်ဒီကိုသွားနေကြတဲ့ ကစားသမားတွေက အသက်ကြီးတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ဘာပေလို အကောင်းဆုံးအသက်အရွယ်နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်က အဲဒီကိုသွားမယ်ဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နောက်ပိုင်းမှာ ထိပ်တန်းကစားသမားတွေက ဘာပေကိုဥပမာပေးပြီး ဆော်ဒီသွားကြမှာဖြစ်သလို၊ ဆက်နေစေချင်ရင် လစာတိုးပေး ဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်က အခုစိတ်မပူသေးပေမဲ့ ထိပ်တန်းကစားသမားတွေဆက်တိုက်ဆုံးရှုံးရမယ်ဆိုရင် ရုပ်သံစာချုပ်တွေအတွက်ပါ ခက်ခဲလာနိုင်ပါတယ်”ဟု အတွင်းလူတစ်ဦးက ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments