မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဒီယိုဂို ဒါးလော့ က သူ့ရဲ့ အသင်းဖော်တွေဟာ ဘရိုက်တန် အသင််းနဲ့ နိုင်ပွဲမှာ ပင်ကိုယ်စရိုက် ၊ အရည်အသွေး နဲ့ ဖိအားတွေအောက် အလုပ်လုပ်နိုင်စွမ်းတွေကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဆီမီး ဖိုင်နယ် ပွဲစဥ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ကစားခဲ့ရပြီး ပွဲချိန် မိနစ် 90 အပြင် အချိန်ပိုမှာပါ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တဲ့ အတွက်် ပင်နယ်တီ ကန်ခဲ့ရပါတယ် ။

ပင်နယ်တီ မှာလည်း 6 ကြိမ် အထိ နှစ်ဖက် အသင်းလုံး ဂိုးသွင်းနိုင်ခဲ့ကြပြီး 7 ကြိမ်မြောက်မှာတော့ ဆိုလီ မာ့ချ် က ပင်နယ်တီ လွဲခဲ့ပြီး လင်ဒီလော့ဖ် က ဂိုးသွင်းယူနိုင်ခဲ့ကာ ယူနိုက်တက်တို့ ဖိုင်နယ် တက်နိုင်ခဲ့ပါတယ် ။ ဒီယိုဂို ဒါးလော့က အခုလို လုပ်နိုင်ခြင်းရဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့လိုက်ပါတယ် ။
” ဒါက ကြီးကျယ်တဲ့ အခိုက်အတန့်ပါ ။ ခင်ဗျား အနေနဲ့ တာဝန်ယူမှု ၊ ပင်ကိုယ်စရိုက် အချို့ကို မြင်တွေ့ ခံစားခဲ့ရမှာပါ ။ ဒါက ကံကြမ္မာအပေါ် မူတည်တဲ့ ပွဲစဥ်မျိုး မဟုတ်ခဲ့ရပါဘူး ။ ကံကြမ္မာဆိုတာကိုလည်း ကျွန်တော်က ယုံကြည််နေတတ်သူ မဟုတ်ပါဘူး ”

” ကျွန်တော်က အလုပ်ကြိုးစားမှုအပေါ်ပဲ ယုံကြည်တာပါ ။ ကျွန်တော်တို့အားလုံး ရာသီကြိုကတည်းက ပင်နယ်တီ ကန်သွင်းရတာကို လေ့ကျင့်ခဲ့ကြသူတွေချည်း ပါပဲ ။ အဲ့ဒီ ကတည်းက တစ်နေ့ ဒီလို ရက်စွဲမျိုး ကြုံရနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ခံစားခဲ့ကြပါတယ် ”
” ဒီအတွက် ကျွန်တော်တို့ အသင့်ရှိခဲ့ကြပါတယ် ။ ဒီပွဲမှာ အရည်အသွေး၊ ဖိအားတွေအောက်ကျရောက်နေချိန် စိတ်ဓါတ်ခံယူချက် နဲ့ စရိုက် လက္ခဏာကောင်းတွေ ပြသနိုင်ခဲ့ကြပါတယ် ။ ဘရိုက်တန် ပရိသတ်တွေ ခင်ဗျားကို ကြည့်ပြီး အော်ဟစ်နေကြချိန်မှာ ဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး ” လို့ ဒါးလော့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။







