ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ကက်ဆာရီနိုက ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား အသင်းပြောင်းရွှေ့ကစားရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
အသက် (၂၇)နှစ်အရွယ်ရှိ တိုနေးသည် ယခုရာသီ ပရီးမီးယားလိဂ် (၃၂)ပွဲကစားရာတွင် ဂိုး (၂၀)အထိ သွင်းယူထားသည်။ ထို့ကြောင့် ကက်ဆာရီနိုက တိုနေးအဖြင့် ချန်ပီယံလိဂ်တွင် ကစားနိုင်သည့်အရည်အသွေးရှိကြောင်းနှင့် အသင်းပြောင်းရွှေ့ကစားရန်ကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကက်ဆာရီနိုက “ပြီးခဲ့တဲ့ (၁၈)လအတွင်း တိုနေးရဲ့တိုးတက်မှုက မယုံနိုင်စရာပါပဲ။ သူက ကြံ့ခိုင်မှုလည်းအရမ်းကောင်းပြီး ဘားကင့်လိုမျိုး အရည်အသွေးရှိသူပါ။ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်ယူတို့က သူ့ကို ခေါ်ယူဖို့ တွေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။







