Tuesday, January 13, 2026
spot_img
spot_img

ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲမှသာ ဟော်လန်း ပြန်ကစားနိုင်မည်ဟု နည်းပြ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးတိုက်စစ်မှူး ဟော်လန်းသည် လာမည့်စနေနေ့တွင်ကစားမည့် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်မှသာ ပြန်လည်ကစားနိုင်လိမ့်မည်ဟု နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ပွဲ ကြိုသတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

ဟော်လန်းသည် အောက်တိုဘာလ ၂၅ ရက်က အသင်းဟောင်း ဒေါ့မွန်နှင့်ကစားသည့်ပွဲတွင် အဖျားရောဂါ ခံစားရပြီး ပွဲအတွင်း ခြေထောက်ဒဏ်ရာရရှိကာ ပထမပိုင်းအပြီးမှာပင် လူစားလဲခံခဲ့ရသည်။ ဟော်လန်း သည် ပြီးခဲ့သည့် လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ယနေ့တွင် ဆီဗီလာအသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲကိုပါ ထပ်မံလွဲချော်ရဦးမည်ဖြစ်သည်။

“အာလင်း (ဟော်လန်း)ကို ဆီဗီလာနဲ့ပွဲမှာ အသုံးမပြုနိုင်သေးပါဘူး။ စနေနေ့ကနဲ့ယှဉ်ရင်တော့ သူ ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ၁၀၀ ရာခိုင် နှုန်း ရှိမနေသေးပါဘူး။ ကျွန်တော်တို့လည်း မစွန့်စားလိုပါဘူး။ သူ့ကို ကစားခိုင်းရင်တော့ ဆင်ခြင်တုံတရား မရှိတာပါ။ ဖူလ်ဟမ်နဲ့ပွဲအတွက် သူ ပြန်ကစားနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဟော်လန်းသည် မန်စီးတီးအသင်းအတွက် စံချိန်တင်အဖြစ် ပြိုင်ပွဲစုံ အဖွင့် ၁၅ ပွဲတွင် ၂၂ ဂိုးအထိ သွင်းယူထားသည်။

ဟော်လန်း မပါဝင် နိုင်မှုကြောင့် မန်စီးတီးအသင်းတိုက်စစ်ပိုင်းတွင် အာဂျင်တီးနားလူငယ်တိုက်စစ်မှူး ယူလီယန်အယ်လ်ဗာရက်ဇ်နှင့် ပွဲထွက်လာဖွယ်ရှိ ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသင်းဖော်ဖြစ်သူ ဟော်လန်း၏ဂိုးသွင်းစံချိန်ကြောင့် အပိုဖိအားရှိနေသလားဟု မေးမြန်းမှုကို အယ်လ်ဗာရက်ဇ်က “ကျွန်တော်တို့ဟာ ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ လူတွေအနေနဲ့ Line-up ကစားသမားတွေရဲ့ ကစားပုံအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လိုက်လျောညီထွေ ဖြစ်သင့်ပါတယ်”ဟု တုံ့ပြန်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments