Wednesday, February 11, 2026
spot_img
spot_img

ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာကို ခေါ်ယူရန် မန်ယူအသင်း စီစဉ်

မန်ယူအသင်းသည် ပေါ်တိုအသင်းမှ ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာကို ခေါ်ယူရန် စီစဉ်နေကြောင်း ပေါ်တူဂီသတင်းစာ Correio da Manha က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယား(၃၂ နှစ်)နေရာတွင် အစားထိုးရန် ဒီယိုဂိုကော်စတာအား စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် တစ်ပတ်လစာ ပေါင် (၃၇၅၀၀၀) ပေးချေနေရသည့် ဒီဟေးယားကို ဆက်ထိန်းဖွယ်မရှိကြောင်း သတင်းထွက်နေသည်။

မန်ယူအသင်းအနေဖြင့် ဒီယိုဂိုကော်စတာကို စာချုပ်လျော်ကြေးဖြစ်သည့် ပေါင် (၆၅) သန်း ပေးချေကာ ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments